၅၂

1.1K 125 2
                                    

(Unicode) အဖွဲကို ပထမဆုံးအကြိမ် ဖုတ်ကောင်တွေ လိုက်ဖမ်းတာ ခံရသည့်အချိန်က ရှောင်းဆာ၏အမိန့်အရ ၎င်းတိုသည် နှစ်ဖွဲခွဲခဲ့ပြီး ဆုံရပ်တွင် ပြန်လည်စုံစည်းရန် ရွေးချယ်ခဲ့သည်။

"သူတို လာနေပြီ" ယွီယွဲ သက်ပြင်းချလိုက်သည်။ အခြားသူတွေလည်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက မချိမဆံ့နာကျင်နေပြီး သူ့ဦးခေါင်းက တဒုတ်ဒုတ် ကိုက်ခဲနေသည်။ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားအနည်းငယ်သည် တစ်သင်းတည်းအဖြစ် အတိုက်ခိုက်ခံနေရသည်။ သူနဲ့တူညီသည့် ယာဉ်တစ်စီးတည်းမှာရှိတဲ့ တခြားလူအားလုံးကြောင့်သာ မဟုတ်ရင် သူသည် ဦးခေါင်းမှခြေဖျားထိ ဖုတ်ကောင်ဦးနှောက်တွေ ဖုံးလွှမ်းနေခဲ့ပြီး လုံးဝကို ရွံရှာဖွယ်ကောင်းနေသောကြောင့် ထိုအဝတ်တွေ ချွတ်ထားပြီးသား ဖြစ်နေလောက်ပြီ။

"အကုန်လုံး တိုက်ခိုက်ဖိုပြင်ကြ" ချဉ်းကပ်လာသော ကားများကို ဂရုတစိုက်ကြည့်နေသည့် ရှောင်းဆာသည် တည်ငြိမ်စွာဖြင့် နည်းစနစ်ကျကျ အမိန့်ပေးခဲ့ပြီးနောက် သူ့သေနတ်ကို ချက်ချင်းချိန်ရွယ်၍ ပစ်ခတ်ခဲ့သည်။

ပိုင်ကျင်းက သူ့အကြည့်နောက်ကိုလိုက်၍ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ "သူတို ဘာလုပ်နေကြတာလဲ?"

အဝေးမှနေ၍ ကားသုံးစီး လာနေတာကိုသာ သူ မြင်ရသည်။ အရှေ့တွင် ကားငယ်တစ်စီးရှိပြီး အနောက်ဘက်ရှိ ကားနှစ်စီးသည် အမှန်တကယ်ကို ၎င်းတို၏လူများ ဖြစ်ကြသည်။ ကားသုံးစီးအနောက်မှနေ၍ ဖုတ်ကောင်ဒါဇင်ပေါင်များစွာ လိုက်ဖမ်းနေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ကားများသည် လမ်းကျဉ်းကို အသုံးပြုခဲ့ပြီး အနောက်ဘက်ရှိ ကားများသည် အလွန်နှေးကွေးသောအရှိန်ဖြင့် ရွေ့လျားနေသည့် ကားငယ်လေးကို မကျော်တက်နိုင်သောကြောင့် ရှေ့သွားလမ်းကို ပိတ်ဆိုခံထားရပြီး ကားနှစ်စီးသည် အလွန်ကို မရေရာသော အနေအထားတွင် တည်ရှိနေခဲ့သည်။ အကယ်၍ ကားများကိုသာ ပြုပြင်မွမ်းမံထားခြင်း မရှိခဲ့ပါက နောက်ဆုံးမှကားသည် အပေါက်ပေါင်းများစွာ ထိုးဖောက်ခံရလိမ့်မည်ဟု ပိုင်ကျင်း ယုံကြည်ခဲ့သည်။

Back to the ApocalypseWhere stories live. Discover now