၆၂

502 73 0
                                    

(Unicode) နှစ်ဦးသား အချိန်အတော်ကြာအောင် စကားပြောနေခဲ့ကြသည်။ သူတို ထွက်သွားရန် ဆုံးဖြတ်လိုက်ပြီဖြစ်သောကြောင့် ဆွေးနွေးစရာများ အများကြီး ရှိလာသည့်အပြင် ညီအကိုတွေကို အသိပေးရတော့မည် ဖြစ်သည်။ ရှောင်းဆာ သည် ပိုင်ကျင်းကိုနမ်းကာ ပြောလိုက်သည်။ "အတူတူ သွားကြရအောင်"

ပိုင်ကျင်း ခေါင်းယမ်းလိုက်သည်။ သူ မသွားချင်ဘူး။ ပိုပြီးအရေးကြီးတဲ့ကိစ္စတွေ သူ့မှာ လုပ်စရာရှိသည်။ "မလိုအပ်ဘူး... မင်း သူတိုကို ပြောလိုက်လိုရတယ်... ကောင်းပြီ... ကျွန်တော့်ဆီမှာ ကြေးနန်းစက်နဲ့ စကားပြောစက်တွေရှိတယ်... လိုအပ်လိုရှိရင် ကျွန်တော် ဒါတွေကို ထုတ်ပေးလိုရတယ်... ဒါဆိုရင် အပြင် ဘက်က အခြေအနေတွေကို စုံစမ်းလိုရနိုင်ပြီး L ပြည်နယ်ရဲ့ အခြေအနေတွေ ကို ပိုပြီးတော့ လေ့လာနိုင်မယ် မဟုတ်လား?"

ရှောင်းဆာ ခဏလောက် စဉ်းစားလိုက်သည်။ စွတ်ဖားလှည်းအကြောင်း သိရှိပြီးသည့်နောက် ယခုအခါ ရှောင်ကျင်း၏ ထူးဆန်းသောအရာများအား ထုတ်ယူလာနိုင်စွမ်းပေါ်တွင် အလွန်တည်ငြိမ်နေပြီဖြစ်သည်။ သူသည် ခေါင်း ညိတ်လိုက်ပြီး "ကောင်းတာပေါ့... အဲ့ဒါ အဆင်ပြေတယ်... ကိုယ်တိုအနေနဲ့ ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်မှုတွေအကုန်လုံးကို ဖြတ်တောက်ပစ်လိုက်လို မရဘူး... အရေးကြီးတဲ့အရာတွေကို ကြိုသိထားလိုရှိရင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားလိုရတယ်"

သူတိုသည် နောက်ထပ်အစီအစဉ်တစ်ချိုကို ပြုလုပ်ပြီးသည့်နောက် ရှောင်းဆာ သည် အပြင်သို ထွက်သွားခဲ့သည်။ ပိုင်ကျင်းသည် ကြေးနန်းစက်များနှင့် စကား ပြောစက်များကို ထုတ်ယူ၍ စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် သူ၏နယ်မြေထဲသို ဝင်လာခဲ့သည်။ ဤနေရာတွင် ဖြစ်ပေါ် ခဲ့သည့် ပြောင်းလဲမှုများအတွက် အံ့အားသင့်မှုများကို သူ မဖိနှိပ်နိုင်ခဲ့ဘူး။

လေကောင်းလေသန့်များ စိမ့်ဝင်လျက်ရှိပြီး လတ်ဆတ်သည့်မြက်ခင်းနံ့များ သယ်ဆောင်လာသောကြောင့် ရွှများဖြင့် မည်းမှောင်နေသည့် ပြင်ပကမ္ဘာနှင့် လုံးဝမတူဘဲ နေရာတိုင်းမှာ လန်းဆန်းနေသည့်ပုံရသည်။

Back to the ApocalypseWhere stories live. Discover now