၆၉

418 64 0
                                    

(Unicode) ယန်ဝမ်ဟွာသည် စိတ်ထဲ၌ ဘယ်လောက်ပဲ မဲ့ရွဲနေသည်ဖြစ်စေ၊ နှုတ်ဆက်စ ကားမပြောခင်မှာ ပိုပြီးယဉ်ကျေးသည့် စကားများကို ပြောခဲ့သည်။ သူတို အိမ်ထဲမှ ထွက်လာသည့်အချိန်မှာတော့ မိုးချုပ်နေခဲ့ပြီဖြစ်သည်။ အပြင်မှာ တိုက်ခတ်နေသည့် အေးစက်နေသောလေများက အေးခဲသွားစေပြီး နာကျင် ကိုက်ခဲမှုများက အရိုးများအထိ နက်ရှိင်းလာခဲ့သည်။ အိမ်အတွင်းရှိ နွေးထွေးမှု နှင့် နှိင်းယှဉ်မည်ဆိုပါက ကောင်းကင်နှင့်မြေကြီးကြားမှ ကွာခြားချက်တစ်ခုလို ပင်။

ညီမလျန်သည် ခိုက်ခိုက်တုန်နေရင်း သူမ၏အင်္ကျီကို ဆွဲ၍စုကိုင်လိုက်သည်။ ယန်ဝမ်ဟွာသည် သူမအား စိတ်မကောင်းဖြစ်စွာ ကြည့်လိုက်ရင်း အိမ်တွင်ရှိ နေသာ သူတို၏သားကို စဉ်းစားလိုက်မိသည်။ ရုတ်တရက် သူ၏ဆုံးရှုးမှုခံစား ချက်များသည် အများကြီးလျော့နည်းသွားပြီး ရှောင်းဆာနှင့်အတူ ခိုလှုရတာ ဘာအမှားမှမရှိဘူးလို ခံစားလိုက်ရကာ စိတ်တည်ငြိမ်သွားခဲ့သည်။ ဆုံးရှုးရတဲ့ ခံစားချက်ကတော့ ရှိဦးမှာပဲ... အဲဒီတော့ ဘာဖြစ်လဲ? သူ၏ လက်ရှိ ခေါင်းဆောင်ရာထူးသည် အစစ်အမှန်ဖြစ်သည်ထက် နာမည်ပိုကြီးခဲ့သည်။ အရှုးမရှိဘဲ အမြတ်မရနိုင်ဘူး။ ဒီအချိန်မှာ သူ့နေရာကို စွန့်လွှတ်လိုက်ရတာ ပိုကောင်းသည်။ အနည်းဆုံးတော့ ရှောင်းဆာအပေါ် မှီခိုအားထားခြင်းသည် ဇနီးနှင့်သားအတွက် ကောင်းမွန်သော နေထိုင်မှုပတ်ဝန်းကျင်ကို ပေးစွမ်းနိုင် မည်ဖြစ်သည်။

ယန်ဝမ်ဟွာသည် ကိစ္စများကိုပြုလုပ်ရာတွင် ထိထိရောက်ရောက်ဖြင့် ပြတ်သား မှုရှိသည်။ သူ၏စိတ်ထဲ၌ ဆုံးဖြတ်ထားပြီးသည့်နောက် သူ ပြန်ရောက်လာ သည့်အချိန်တွင် နှောင့်နှေးနေခြင်းမရှိပေ။ ထိုအချိန်မှစပြီး သူသည် ယုံကြည်ရ သော နောက်လိုက်တစ်စုကို စုစည်းခဲ့သည်။ ၎င်းတိုကို ထပ်ခါတလဲလဲ စမ်းသပ်စစ်ဆေးပြီးသည့်နောက် လူတစ်ဒါဇင်ကို ရွေးချယ်ခဲ့သည်။ ယခုအချိန် တွင် သူသည် မည်သိုလုပ်ဆောင်ရမည်ကို သင်ယူခဲ့ပြီး အရေအတွက်ထက် အရည်အသွေးကိုသာ ရွေးချယ်ခဲ့သည်။ အကယ်၍ သူသည် အသေးငယ်ဆုံး သော မသေချာ၊မရေရာမှုကို တွေ့ရှိခဲ့သည်ဆိုရင်တောင် သူသည် ၎င်းတိုကို ဘေးဖယ်ထားမည်ဖြစ်သည်။

Back to the ApocalypseDonde viven las historias. Descúbrelo ahora