၅၁

657 71 0
                                    

(Unicode) ရှေ့အဝေးတစ်နေရာမှ ရုတ်ရုတ်သဲသဲဖြစ်သည့် အသံတစ်ခု ကြားလိုက်ရသည်။ ယွီယွဲ၏ပင်ကိုယ်သိစိတ်က ထိတ်လန့်စွာ တုန့်ပြန်ခဲ့ပြီး လျှင်မြန်စွာ အော်ဟစ်လိုက်သည်။ "နောက်ပြန်ဆုတ်... ဒီဘက်ကိုရောက်လာတဲ့ ဖုတ်ကောင်တွေ အများကြီးရှိတယ်"

ဝမ်ရွှယ်ပင်း၏ အလိုအလျောက်တုံပြန်မှုများသည် တုံဆိုင်းနေခြင်းမရှိဘဲ တုံပြန်ခဲ့ကာ သူ ဘာလုပ်နေတယ်ဆိုတာကို သူ့စိတ်ထဲမှာ သတိမထားမိခင်မှာပဲ သူ့လက်များက စတီယာရင်ဘီးကို ကိုင်ကာ ကားကို လှည့်လိုက်သည်။ ယွီယွဲသည် စကားပြောစက်ကို အမြန်ကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။ "လူတိုင်း အမြန်နောက်ဆုတ်ပြီး အရှေ့ဘက်လမ်းကို ယူပါ"

ရက်အနည်းငယ်ကြာအောင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် ယခုအခါတွင် လူတိုင်းသည် ထပ်တူကျနေပြီဖြစ်သည်။ ထိုကြောင့် ကားအားလုံးသည် တူညီသောပုံစံဖြင့် အမြန်လှည့်ကာ မောင်းထွက်သွားကြသည်။ သူတိုအနောက်ဘက်ရှိ လူများ၏ ထိတ်လန့်ကြောက်ရွံစွာ အော်ဟစ်မှုကြောင့် လူငယ်လေးနှင့် သူ၏အဖွဲသည် တိုက်ခိုက်ခြင်းခံရပြီးဖြစ်ဖွယ်ရှိသည်။

ဝမ်ရွှယ်ပင်းသည် နောက်ကြည့်မှန်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

ကားများနှင့် မီတာ ၁၀၀ အကွာအဝေးတွင် ကျယ်လောင်သော ဟိန်းဟောက်သံများအနောက်မှ ကြောက်လန့်ဖွယ်ကောင်းသော စူးစူးဝါးဝါးအော်သံများကို ကြားလိုက်ရသည်။ ထိုနောက် ဖုတ်ကောင်အလုံးအရင်းဖြင့် လျှင်မြန်စွာ လွှမ်းမိုးခံလိုက်ရ၍ အော်ဟစ်နေသော ၎င်းတို၏အပေါင်းအဖော်တချိုကို နောက်တွင်ချန်ထားရစ်ခဲ့ပြီး သူတိုအနောက်သိုလိုက်လာသည့် လူငယ်နှင့်အဖွဲ၏ကားသံကို ကြားလိုက်ရသည်။

"သေတာပဲ! သူတိုနဲ့အတူ ဖုတ်ကောင်တွေကို ခေါ်လာတယ်" ယွီယွဲသည် သူ့ထိုင်ခုံပေါ်တွင် မရပ်မနား ရွှေ့ပြောင်းနေရင်း စိုးရိမ်တကြီး ပြောလိုက်သည်။ လောလောဆယ်မှာတော့ သူ့ရဲ့စိတ်စွမ်းအားက လုံလောက်အောင် မသန်မာသေးတဲ့အတွက် သူ့မျက်လုံးကို အားကိုးနေရသည်။ သိုသော်လည်း လောလောဆယ်မှာ မှောင်မည်းနေပြီး မိုးရွာနေတာကြောင့် သူတိုပတ်ဝန်းကျင်ကို မြင်ရဖို ခက်ခဲနေသည်။ ၎င်းတိုအနောက်မှာ ဖုတ်ကောင်တွေရှိတယ်ဆိုတာ သူ သိသည်။

Back to the ApocalypseOpowieści tętniące życiem. Odkryj je teraz