၂၇

1.2K 151 3
                                    

[Unicode]ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ပိုင်ကျင်း ကားထဲသို့ ဝင်လိုက်သည်။ သူ့နှုတ်ခမ်းကိုကိုက်ရင်း နှာခေါင်းရှုံ့ကာ ရှောင်းဆာကို စိုက်ကြည့်နေခဲ့ပြီး ဒေါသကြီးနေပုံရသော်လည်း အကူအညီမဲ့နေသော အသွင်အပြင်ဖြင့် ရှိနေသည်။ ပိုင်ကျင်းသည် သူ့အမူအယာက ဘယ်လောက်ထိ ချစ်ဖို့ကောင်းနေလဲဆိုတာ မသိခဲ့ဘူး။

ရှောင်းဆာမှာ မျက်တောင် မခတ်နိုင်ခဲ့ဘူး။ ရိုးရှင်းစွာပဲ ဝံပုလွေတစ်ကောင်ဖြစ်လာဖို့ သူ မစောင့်နိုင်တော့ဘူး။ ဒါပေမယ့် ကံကောင်းစွာနဲ့ သူ ထိန်းချုပ်ထားနိုင်ဆဲပဲ။ သူ အနည်းငယ် ကျေနပ်သွားခဲ့သည်။ ပိုင်ကျင်းအတွက် သူက တခြားလူတွေနဲ့ တူညီမှုမရှိဘူး။ သူ အံ့ဩနေခဲ့တယ်ဆိုပေမယ့် ဒါက သူ့ကို ပိုင်ကျင်းနဲ့ နီးစပ်ဖို့ မတားဆီးခဲ့ဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ် သူ ရပ်နေသမျှ ခြေနင်းကျောက်တုံးက သူ အလိုရှိရာကို လှိမ့်ပြီး‌တော့သွားနိုင်တယ်။

သူ မသိခဲ့ဘူး။ တကယ်လို့ ရှောင်းဆာသည် သူကိုယ့်သူ ခြေနင်းကျောက်တုံးတစ်ခုဖြစ်ကြောင်း သိခဲ့တယ်ဆိုရင် သူ့(ပိုင်ကျင်း)ရဲ့အမူအယာက ဘယ်လိုဖြစ်သွားမလဲ။

စားသောက်ဆိုင်သို့ရောက်ချိန်တွင် ၎င်းတို့သည် မနက်စာအနည်းငယ်ကို သာမန်ကာလျှံကာပဲ စားလိုက်ကြသည်။ ရှောင်းဆာသည် ဆေးအကြောင်းပြောဆိုရာတွင် ဦးဆောင်ခဲ့သည်။ ရှောင်းဆာသည် ဒီကိစ္စကို အရင်တုန်းက နားမလည်ခဲ့တာကြောင့် ပိုင်ကျင်းက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ မနေ့ညက ဒီအချက်အလက်‌တွေအကုန်လုံးကို ပြွတ်သိပ်နေအောင် ကျက်လာတာတော့ မဖြစ်နိုင်ပါဘူးနော်။

သူ ခန့်မှန်းတာ မှန်ကန်တယ်။ ရှောင်းဆာသည် သူ့ကိုလိုက်နိုင်ရန်အတွက် ကြိုးစားအားထုတ်မှုတွေ ပြုလုပ်ခဲ့သည်။ ဟယ်ရုန်သည် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရပြီး အတင်းအကြပ် ဖိအားပေးခံခဲ့ရကာ သန်းခေါင်ကျော်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ရှောင်းဆာသည် ရိုးရှင်းစွာပင် အိပ်မပျော်နိုင်ခဲ့ပဲ မနက်အာရုဏ်တက်ချိန်မှာ ပိုင်ကျင်း၏တံခါးဝသို့ အမြန်ပြေးလာခဲ့ပြီး ဖုန်းခေါ်ခဲ့သည်။

Back to the ApocalypseWhere stories live. Discover now