၇၅

530 63 1
                                    

(Unicode) ယန်လျန်သည် ကောင်းမွန်စွာ တွက်ချက်ခဲ့သော်လည်း သူ၏သတိထားမှုသည် သူ့အား ကျဆုံးစေလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

ပိုင်ကျင်းသည် ယန်လျန်၏အခန်းသို ရောက်သည့်အချိန်၌ ထိုလူသည် အစောင့် အကြပ် ထူထပ်စွာ ချထားသည်အား ချက်ချင်း ရှာဖွေတွေ့ရှိလိုက်သည်။ သူ၏ စူးရှထက်မြက်သော အာကာသစွမ်းရည်ဖြင့် ဆင်ခြင်သုံးသပ်မှုအရ အနီးအနား တွင် ဆရာသခင် ၅၀ ကျော် ရှိကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။ တစ်ခုတည်းသော ကျေးဇူးတင်ရမည့်အရာမှာ ယန်လျန်သည် ပင်ကိုယ်သဘာဝ အားဖြင့် အလွန်သတိကြီးသူဖြစ်ပြီး သူ့အခန်းအတွင်းသို အခြားသူများအား ဘယ်သောအခါမှ ဝင်ခွင့်မပေးခြင်းဖြစ်သည်။ သူ၏သက်တော်စောင့်များပင် အခန်းအပြင်ဘက်၌ ရှိနေခဲ့သည်။

ပိုင်ကျင်း လှောင်ရယ်လိုက်သည်။ သူ့ကိုယ်သူ မြင်ကွင်းမှ ကာကွယ်နိုင်ရန် အတွက် အာကာသအကာအကွယ်ကို ဖန်တီးခဲ့ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက် ပြီးနောက် ဗီရိုနောက်ကွယ်ရှိ အမှောင် ရိပ်တွင် ပုန်းအောင်းလိုက်သည်။ ယန်လျန်သည် သူ့ဘဝကို တကယ် တန်ဖိုးထားသည်။ သူ၏လုံခြုံရေးသည် တင်းကြပ်လွန်းလှသဖြင့် နေရာရွှေ့ပြောင်းသည့်စနစ်ဖြင့် တစ်စုံတစ်ဦးသည် ဝင်ရောက်လာနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ အိပ်မက်တောင် မမက်ခဲ့ဘူး။

"ခရက်!" တံခါးကို တိုက်မိသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပိုင်ကျင်းသည် သူ၏မသိစိတ်မှ အသက်ရှူသံကိုထိန်းကာ ကြမ်းပြင်ပေါ်သို သူ့ခန္ဓာကိုယ်ကို နှိမ့်ချလိုက်သည်။

"ချီးပဲ!" ယန်လျန်သည် ဒေါသထွက်နေခဲ့ပြီး သူ့မျက်နှာပေါ်တွင် မဲမှောင်နေ သော အမူအရာဖြင့် ကုလားထိုင်ပေါ်တွင် လှဲချလိုက်သည်။ သူ့စိတ်ထဲတွင် မတွေးတက်အောင်ဖြစ်နေသည့် စိတ်လေးစရာခံစားချက်တစ်ခု မြင့်တက်လာခဲ့ ပြီးသည့်အချိန်တွင် တခြားအရာများကို စဉ်းစားနေရန် အချိန်မရှိပေ။

"မင်း..." ယန်လျန်သည် သူ၏အခန်းထောင့်တွင် ရုတ်တရက် ပေါ်လာသော လူကို စိုက်ကြည့်နေမိသည်။ အကူအညီတောင်းချင်သော်လည်း သူ၏ လည်ချောင်းကို တစ်စုံတစ်ခုက ပိတ်ထားခဲ့သည့်ပုံရပြီး အဆုတ်ထဲမှ လေသည် ဖြည်းဖြည်းချင်း ထွက်သွားသောကြောင့် အော်ဟစ်ရန် နည်းလမ်းမရှိတော့ သည်ကို သူ တွေ့လိုက်ရသည်။

Back to the ApocalypseWhere stories live. Discover now