၂၆

1.1K 159 3
                                    

[Unicode]ကားဖြင့် မိနစ် ၂၀ ကြာ မောင်းနှင်ပြီးနောက် ဂိုဒေါင်သို့ ရောက်ရှိသွားခဲ့သည်။ ဟယ်ရုန်က အလုပ်ကို ထိထိရောက်ရောက် ပြုလုပ်နိုင်ခဲ့သည်။ ဂိုဒေါင်သည် ဝေးလံခေါင်သီတဲ့နေရာမှာ ရှိတယ်ဆိုပေမယ့် ဒီဂိုဒေါင်ကိုဆောက်ထားတာ အရမ်းကောင်းမွန်တယ်။ နေရာကလည်း ကြီးမားပြီး သူခိုးကာကွယ်ရေးစနစ် တပ်ဆင်ထားသည့်တံခါးသာမက ဝင်ရောက်နိုင်ရန်အတွက် လက်ဗွေရာနှင့် လျှို့ဝှက်သင်္ကေတတစ်ခုလည်း လိုအပ်သည်။

ပိုင်ကျင်း၏မျက်လုံးများတွင် အံ့ဩမှုအနည်းငယ် ပေါ်လာချိန်၌ ဟယ်ရုန် ပြုံးလိုက်မိသည်။ သူက ကိုယ်ရည်သွေးတက်တဲ့သူမျိုး မဟုတ်ဘူး။ ဒီနေရာကို ရှောင်းဆာ ရှာတွေ့ခဲ့တာဖြစ်ကြောင်းပဲ ပြောပြလိုက်သည်။

ရှောင်းဆာသည် ဘာအမူအယာမှ ဖော်ထုတ်ပြသခြင်းမရှိပေမယ့် ပိုင်ကျင်းရဲ့အံ့ဩမှုတွေကို အရမ်းသဘောကျပြီး အရမ်းပျော်ရွှင်မိတယ်။ ဒီအဆင့်က မှားသွားတဲ့ပုံမရသလိုပဲ။ ပြီးတော့ ယောက်ျားတစ်ယောက်ကို လိုက်ဖို့အတွက် သူ့ကိုယ်ပိုင် အကြံအစည်အတိုင်းပဲ လုပ်ဖို့လိုအပ်တယ်။ သူများတွေ ဘာပဲပြောပြော သူတို့လေလည်နေသလိုမျိုးပဲ သဘောထားဖို့ ဆုံးဖြတ်လိုက်သည်။

ဟယ်ရုန်သည် ဂိုဒေါင်တံခါးကို ဖွင့်လိုက်ပြီးနောက် ထိုအချိန်တွင် သူ့ကိုယ်ပိုင်အချက်အလက်များကိုဖျက်၍ ပိုင်ကျင်း၏ ကိုယ်ပိုင်အချက်အလက်များကို ဖြည့်သွင်းလိုက်သည်။

ပိုင်ကျင်းက သူ့အပြုအမူတွေကြည့်ပြီး စိတ်ထဲမထားခဲ့ဘူး။ ဂိုဒေါင်အတွင်းသို့ တစ်ယောက်ချင်းဝင်လိုက်ပြီး ဂိုဒေါင်အတွင်းရှိသော ဆေးဝါးများအပြင် ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဓာတ်ခွဲခန်းတွင် အသုံးပြုသည့် နောက်ဆုံးပေါ်နည်းပညာများကို စတင်စစ်ဆေးခဲ့သည်။

ပိုင်ကျင်း လမ်းလျှောက်နေတဲ့အချိန်မှာ ရှောင်းဆာက လေသံအနိမ့်အမြင့်မရှိဘဲ ရိုးရိုးလေသံဖြင့် ပစ္စည်းတွေအကြောင်းကို မိတ်ဆက်ခဲ့ပေမယ့် ဒီအမျိုးသား အတော်လေးဂုဏ်ယူနေတယ်ဆိုတာ သူ ကြားနိုင်တယ်။

"ဟမ်! ဒါ M နိုင်ငံရဲ့ နောက်ဆုံးပေါ် စမ်းသပ်ကရိယာ  မဟုတ်ဘူးလား?" ပိုင်ကျင်း၏မျက်လုံးများက စိတ်လှုပ်ရှားမှုများကို ပြသနေသည်။ ဆေးဘက်ဆိုင်ရာပစ္စည်းများကိုကြည့်ရင်း အိပ်မက်ထဲမှာတောင် ရင်းနှီးနေသည့် ကိရိယာ၏အေးစက်မှုကို ခံစားလိုက်ရသလိုပဲ။

Back to the ApocalypseWhere stories live. Discover now