၃၄

1K 112 0
                                    

[Unicode]ပိုင်ကျင်းသည် ဖုန်းချလိုက်ပြီး နောက်အခိုက်အတန့်မှာပဲ ရှောင်းဆာ၏ အဓိက အနိုင်ကျင့်ဗိုလ်ကျခဲ့သည် နယ်ပယ်ဖြစ်သော မြို့တော် N အတွက် လေယာဉ်လက်မှတ်ကို ချက်ချင်း မှာယူလိုက်ကာ ခရီးစထွက်တော့သည်။ တဖက်လူက ပိုင်ကျင်း၏ လုပ်ငန်းကို စီမံခန့်ခွဲရာမှာ ကူညီဖို့ မကြာခဏ လာတတ်ပြီး တစ်ချိန်တည်းမှာပဲ မြို့တော် D သို့ လက်နက်အသစ်များ ပို့ဆောင်ပေးခဲ့သည်။ ထို့ကြောင့် ဤခရီးက အမြဲတမ်း ပြဿနာဖြစ်နိုင်ပေမယ့် ဒီသခင်လေးက ကိုယ်ပိုင်လျှို့ဝှက်နယ်မြေရှိတာကြောင့် ဒီခရီးကို ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားသောအခါတွင် သူ့ကို အပြစ်ပေးစရာ ဘာမှတွေ့တော့မှာ မဟုတ်ဘူး။

သူ ထွက်မသွားခင်မှာ ကောင်တာပေါ်သို့ ငွေစက္ကူတစ်အုပ် ပစ်တင်လိုက်ပြီး သူ့လူတွေအား ညွှန်ကြားချက်ပေးခဲ့သည်။ အဲဒီအထဲမှာ တချို့က ချင်ရီကို သူ့အတွက် အလုပ်လုပ်ဖို့ ကောင်းမွန်သည့်လူတချို့ ရှာခိုင်းထားသည်။ အခြားညွှန်ကြားချက်အနေဖြင့် ၎င်းတို့၏ မတူညီသော ပေးသွင်းသူများကို ဆက်သွယ်ရန်နှင့် ၎င်းတို့တွင် ရှိသလောက် ကုန်ပစ္စည်းများကို တောင်းဆိုရန် သူ့အား အခွင့်အာဏာပေးထားသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ချင်ရီသည် ချောင်လီ၏ အကြံပေးစကားများနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်လာခဲ့သည်။ ဤသခင်လေးသည် အမှန်ပင် အလုပ်လုပ်ရန် ထိုက်တန်သူတစ်ဦးဖြစ်သော်လည်း တစ်ခါတစ်ရံတွင် သူ့၌ အထူးဆန်းဆုံး အကြံဥာဏ်များရှိနေတက်သည်။ ယခုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော လုပ်ရပ်များ၏ စုစည်းလာမှုနှင့်အတူ အောက်ခြေက အမှန်တရားဆိုတာကို သူ ရိုးသားစွာ နားလည်ချင်ခဲ့သည်။

သို့သော် ယခုအချိန်တွင် ကိုင်တွယ်ဖြေရှင်းရန် ခေါင်းကိုက်စေသောကိစ္စများမှာ များပြားလွန်းနေပြီး ညွှန်ကြားထားသည့်အတိုင်း လုပ်ငန်းကို ရိုးရှင်းစွာ ကိုင်တွယ်ခြင်းသည် အတွေးလွန်နေသည်ထက် ပြဿနာနည်းပါးစေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဩဇာအာဏာကြီးမားသည့် လူတစ်ဦးက သူ့ကို ထောက်ပံ့ပေးနေတာကြောင့် သခင်လေး၏နောက်ခံသည် အင်အားကောင်းလှသည်။ တစ်စုံတစ်ယောက်က သူ့ကိုမထိနိုင်ခင်မှာပဲ ကောင်းကင်ကြီးက ပြိုကျသွားနိုင်သည်။

Back to the ApocalypseWhere stories live. Discover now