၁၀၁

278 42 0
                                    

(Unicode) နံနက်ခင်းသည် ထိုသို့ဖြင့် ကုန်ဆုံးသွားခဲ့သည်။ လီရန်သည် သူ့ကို ရှင်းပြလိုက်ပြီးနောက် ရွှီဖုန်းသည် ရှောင်းဆာ၏ဆိုလိုရင်းကို နားလည်သွားခဲ့ပြီး ချက်ချင်းဆိုသလို ခွန်အားများ ရရှိလာခဲ့သည်။ သူသည် ကြက်သွေးထိုးခံလိုက်ရသလိုမျိုး အဖွဲ့ကိုပြန်၍ သတင်းပို့ချင်နေခဲ့သည်။

ပိုင်ကျင်းသည် ရှောင်းဆာအား ရယ်ချင်နေသည့် အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ရွှီဖုန်းကိုကြည့်လိုက်သည်။ ဤလူသည် ယခုအချိန်အထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပုံကို သူသည် အံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။ ဒီလူ၏စရိုက်သည် သူ့ကို ဘယ်သူကကျွေးမွေးသည်ဆိုတာကိုသာ မှတ်မိပြီး ဘယ်သူက ရိုက်နှက်သည်ဆိုတာကို မမှတ်မိသော လူတစ်ယောက်ဖြစ်သည်။ နေရောင်ခြည်ပေးနေသရွေ့ အရာအားလုံး လှပနေမည်ဖြစ်သည်။

ရှောင်းဆာ၏အမူအရာသည် ချုပ်တည်းထားသည့်ပုံရပြီး သူ၏ဟန်အမူအရာသည် ခံ့ညားထည်ဝါပြီး အဟန့်ကောင်းလှသည်။ သူသည် အလွန့်အလွန် သန်မာသော တည်ရှိမှုမျိုးကို ထုတ်လွှတ်လိုက်သည်။

"အကိုဆာ..." ရွှီဖုန်းသည် တုံးအခြင်းမရှိပေ။ သူ၏မာနထောင်လွှားမှုကို ခွင့်လွှတ်လိုက်ကြောင်း သူ သိလိုက်ရသည်နှင့်တပြိုင်နက် သူ၏သတိထားမှုကို ပြသလိုက်သည်။ သူသည် ဦးခေါင်းငိုက်စိုက်ကျလျက် မြေပြင်ပေါ်တွင် စက်ဝိုင်းပုံရေးဆွဲနေသည့် ခွေးကြီးတစ်ကောင်နှင့် တူနေလေသည်။

ရှောင်းဆာသည် ဤအရာများနှင့်ပတ်သက်၍ သူနှင့် ငြင်းခုံနေမည် မဟုတ်သည်မှာ သိသာထင်ရှားသည်။ ရွှီဖုန်း၏ခွန်အားသည် အလွန် ကောင်းမွန်ပြီး အရေးအကြီးဆုံးမှာ သူ၏နာခံမှုဖြစ်သည်။ အခြားသော ချို့ယွင်းချက်များကိုတော့ လျစ်လျူရှုထားလို့ရနိုင်သည်။ ဤတစ်ကြိမ် မြို့တော်သို့ ခရီးထွက်သည့်အချိန်အတွင်း သူတို့သည် ခက်ခက်ခဲခဲ တိုက်ပွဲ ဝင်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် ရှောင်းဆာသည် သူ၏ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် ဂရုစိုက်နေခြင်းမရှိဘူး။ သို့သော်လည်း ရွှီဖုန်းက သူ့နောက် လိုက်ရန် ရွေးချယ်ခဲ့သောကြောင့် စည်းမျဉ်းအချို့ကိုချမှတ်ဖို့ လိုအပ်နေ သေးသည်။ ၎င်းသည် ရှောင်းဆာ၏အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဆိုတည်းက သူ၏စကားတိုင်းသည် အဖွဲ့၏ဥပဒေဖြစ်ကြောင်းကို အသေအချာ ပြသထား မည်ဖြစ်သည်။

Back to the ApocalypseTempat cerita menjadi hidup. Temukan sekarang