၄၀-၂

868 112 0
                                    

[Unicode]ပိုင်ကျင်း၏ တိုက်ရိုက်ကျသော တုံ့ပြန်မှုကြောင့် လူတချို့ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရပေမယ့် ရှောင်းဆာက ၎င်းတို့အား လျစ်လျူရှု၍ ဂရုမစိုက်ဟန်ဖြင့် အမိန့်ပေးလိုက်သည်။ "အစည်းအဝေးကို အကုန်လုံး လာခိုင်းလိုက်"

"အကို.. တကယ် ထွက်သွားချင်နေတာလား?" လျူဝေ၏နှလုံးသားသည် တင်းကျပ်နေခဲ့ပြီး သူ ခံစားနေရသည့် ဝေဒနာမှ အသက်ရှူမွန်းကျပ်သလိုမျိုး ခံစားလိုက်ရသည်။ အပြင်မှာ အခြေအနေ မကောင်းဘူး။ စစ်တပ်အပြင် ဖုတ်ကောင်တွေလည်းရှိသည်။ ဒီအချိန်မှာ သူတို့အကိုကြီးက ထွက်သွားချင်နေခဲ့သည်။

ရှဲ့မင်ဟန်နှင့် အခြားသူများကလည်း စိတ်ပျက်မှုများဖြင့် အံ့ဩသွားကြသည်။ သူတို့သည် ကားတစ်စီးတည်း မဟုတ်ခဲ့တာကြောင့် ရှောင်းဆာ ဘာပြောလဲဆိုတာကို မသိခဲ့ရဘူး။ လျူဝေ၏အော်ဟစ်သံကို ကြားလိုက်ရပြီးနောက် သူ့နှလုံးသားက ရုတ်တရက် အေးခဲသွားခဲ့သည်။ ယန်ဝမ်ဟောက် တစ်ဦးတည်းကသာ ဤအရာကြောင့် တုန်လှုပ်နေခြင်းမျိုး မရှိခဲ့ဘူး။

ရှောင်းဆာက ၎င်းအား ဖြတ်ကနဲ ကြည့်လိုက်ပြီးနောက် သူ့နှလုံးသားက ရုတ်တရက် စိတ်သက်သာရာရသွားခဲ့သည်။ တကယ်တော့ ထွက်ခွာဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရခြင်းက ခက်ခဲခဲ့တာတော့ မဟုတ်ဘူး။ သူ့ရဲ့ အဓိကအချက်အနေနှင့် သူက လူကောင်းတစ်ယောက် မဟုတ်ဘူး။ လောင်ကျွမ်းနေသောမီးတောက် အဖွဲ့အစည်းသည် ရုန်းရင်းဆန်ခတ်ဖြစ်သော အချိန်များစွာကို ဖြတ်သန်းခဲ့ရပြီး ထိုလူများက သူ့နောက်သို့ လိုက်ရန် ဆန္ဒရှိခဲ့ကြသည်။ သူ့နှလုံးသားက လှုပ်ရှားသွားခဲ့ရပြီး ၎င်းတို့ကိုယ်စား နောက်ထပ်ပြင်ဆင်မှုအနည်းငယ် ပြုလုပ်ရန်အတွက် ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံး အခုချိန်မှာ သူတို့ နေသားတကျရှိသွားပြီဆိုတော့ သူတို့ တက်နိုင်သမျှ အခွင့်အရေးရှိတုန်းမှာ စောစောစီးစီး ခွဲထွက်သွားသင့်သည်။ ဤတိုက်ခန်းနှင့် ထောက်ပံ့ရေးပစ္စည်းအချို့ကို ၎င်းတို့အတွက် ဖယ်ထားပြီးသားဖြစ်သည်။ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက် လျော်ကြေးပေးဖို့ လုံလောက်သည်။ သူ့စိတ်ထဲတွင် ထိုကိစ္စကို နှိုင်းချိန်ပြီးနောက် ရှောင်းဆာသည် သူ့အနေဖြင့် လူတိုင်းကို တရားမျှတစွာ ဆက်ဆံခဲ့ကြောင်း ကောက်ချက်ချခဲ့သည်။

Back to the ApocalypseWhere stories live. Discover now