၈၈

232 40 0
                                    

(Unicode) အချိန်အတော်ကြာအောင် တောင့်ခံထားပြီးနောက် ကောင်းကင်ကြီးသည် လင်းထိန်စပြုလာခဲ့သည်။ ဥမင်လှိုဏ်ခေါင်းကို ဖြတ်သန်းလာရာတစ်လျှောက် တွင် လူရာပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ကျန်းချိုးချန်သည် ပင်ပန်းလွန်းသော ကြောင့် လှဲအိပ်ပစ်လိုက်ဖို့ထက် ဘာမှကိုမလိုချင်တော့သော်လည်း ပုရွက်ဆိတ်များက ဆက်တိုက်လာနေခဲ့သည်။

"ဖောက်ခွဲရေးပစ္စည်းတွေကို အထဲထည့်ပြီး လှိုဏ်ခေါင်းကိုဖြိုချပစ်လိုက်" ကျန်းချိုးချန်သည် အလွန်ဒေါသထွက်လျက်ရှိသည်။ ဤအချိန်မှာတော့ ဥမင်လှိုဏ်ခေါင်းထဲမှာ လူတွေရှိသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ၊ ရပ်တန့်ပြီး ပုရွက်ဆိတ်များ၏လမ်းကြောင်းကို ပိတ်ဆို့ရန်အတွက် သူတို့ကို တိုက်ရိုက်အမိန့်ပေးလိုက်သည်။ ထူးဆန်းသည်မှာ ထိုအကြင်နာကင်းမဲ့ လှသည့် လွတ်မြောက်ခဲ့သည့် မည်သူကမှ ကန့်ကွက်ခဲခြင်းမရှိပေ။

ပိုင်ကျင်းသည် ထိုကိစ္စနှင့်ပတ်သတ်၍ မှတ်ချက်ချရန် ငြင်းဆိုခဲ့ပြီး ထိုအရာကိုပင် မျှော်လင့်ထားသည့်ပုံရသည်။ သူ့အရင်ဘဝအစောပိုင်းတုန်းက ကမ္ဘာကြီးအဆုံးသတ်ချိန်မှာ လူအများ၏ခံစားချက်သည် ဘယ်လောက်တောင် မှ ပေါ့ပေါ့တန်တန် သဘောထားသလဲဆိုတာကို သူ မြင်ဖူးပြီးသားဖြစ်သည်။ သူနှင့်ရှောင်းဆာသည် မလှမ်းမကမ်းတွင် ရှိနေသော်လည်း အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ အဆုံးသတ်ချိန်ထိ လွတ်မြောက် အောင် စွမ်းဆောင်နိုင်ခဲ့သူများသည် သူတို့ကိုယ်သူတို့ အမြှောက်စာ အဖြစ် မခံနိုင်ဘူး။ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေခဲ့ပြီး ရန်သူလား၊ သူငယ်ချင်းလား မပြောနိုင်တော့ဘူး။ သူတို့အသက်ရှင်ဖို့အတွက် သူတို့၏စွမ်းအားနှင့် ဘာမဆို လုပ်နိုင်သည်။ အသက်ရှင်သန်ဖို့အတွက် လူတချို့က သူတို့၏ အပေါင်းအဖော်များကို ပုရွက်ဆိတ်ပါးစပ်ထဲသို့ တွန်းထည့်လိုက်တာကို အဝေးမှ ကြည့်နေခဲ့သည်။ ယခုအချိန်မှာ ကမ္ဘာကြီးက ဒီလိုမျိုးအေးစက်ပြီး ရန်လိုနေခဲ့သည်။ လူတွေရဲ့နှလုံးသားကရော ဘယ်လိုလုပ် လျစ်လျူမရှုပဲ နေနိုင်ကြမှာလဲ? ဒီလိုရူးသွပ်ပြီးသားလူများအတွက် ဖြောင့်မတ်ခြင်း သို့မဟုတ် အသိစိတ်သည် ခံစားလို့ရနိုင်သည့်အရာ မဟုတ်ဘူး။

Back to the ApocalypseOù les histoires vivent. Découvrez maintenant