(၂၂)

1.2K 175 2
                                    

[Unicode]

ဒါပေမယ့် ဝယ်ထားတဲ့ပစ္စည်းတွေက သိပ်ပြီးများများစားစား မရှိတာကြောင့် အိပ်ခန်းငှားရခြင်းက ကောင်းမွန်လှသည်။ နေ့တိုင်းဝယ်ယူတာတောင်မှ ဘယ်သူမှ မေးမယ့်သူမရှိဘူး။ ဆယ်ရက်ကျော်ကြာတဲ့အထိ ပိုင်ကျင်းသည် ထိုငါးများနှင့် ပုစွန်၊ ကဏန်း၊ ဂုံးကောင်၊ ပင်လယ်ယောက်သွားများအတွက် တိုက်ပွဲဝင်ခဲ့ပြီးနောက် သိမ်းဆည်းထားရန်အတွက် ပင်လယ်အပင်အချို့ ရယူခဲ့သည်။ သူသည် ညဘက်တွင်လည်း ကမ်းခြေသို့သွားရောက်၍ ကျောက်တုံးအချို့ကိုယူကာ လျှို့ဝှက်နယ်မြေအတွင်းသို့ တိတ်တဆိတ် ထည့်သွင်းခဲ့သည်။ ဒုတိယနေ့တွင် ကျောက်တုံးများ ပျောက်ဆုံးသွားရသည့်ကိစ္စနှင့် ပတ်သတ်၍ သူ့ကိစ္စ လုံးဝမဟုတ်သလိုမျိုး ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ အိမ်သို့ပြန်လာခဲ့သည်။ လျှို့ဝှက်နယ်မြေအတွင်းရှိ အပြာရောင် ပင်လယ်ရေများကိုကြည့်ရင်း သူ ထူးထူးခြားခြား ကျေနပ်သွားသလို ခံစားလိုက်ရသည်။

သူက ဒီနေရာမှာ အလုပ်များနေခဲ့သည်။ ဒါပေမယ့် ရှောင်းဆာလည်းပဲ အလုပ်များနေခဲ့တယ်ဆိုတာကိုတော့ သူ မသိခဲ့ဘူး။ မြို့တော် D ကို ပိုင်ကျင်း ပြန်ရောက်လာပြီလို့ ကြားခဲ့ရပြီးနောက် သူ့လက်ထဲရှိ ကိစ္စများအားလုံးကို အဆုံးသတ်ခဲ့သည်။ ရှောင်းဆာသည် မြို့တော် D သို့ သွားဖို့အတွက် လက်မှတ်မှာယူရန် တိုက်ရိုက် အမိန့်ပေးခဲ့သည်။

မြို့တော် D ကို ရောက်သည့်အချိန်တွင် ရှောင်းဆာသည် ပိုင်ကျင်းနှင့် ဆက်သွယ်တွေ့ဆုံရန် စိတ်ပိုင်းဖြတ်ထားခဲ့ပေမယ့် သူ့စိတ်တွေအကုန်လုံး နှစ်မြုပ်ထားတာတောင်မှ တွေ့ဆုံဖို့နည်းလမ်းကို ရှာမတွေ့သေးဘူး။ သူသည် ပိုင်ကျင်း၏အိမ်ကို အကြိမ်အနည်းငယ်ခန့် သွားရောက်ခဲ့ပေမယ့် သူ တံခါးခေါက်လိုက်သည့် အချိန်တိုင်းမှာ "ဒီမှာ မရှိဘူး" လို့ ပြောပြီး 'ဘန်း' ကနဲ တံခါးပိတ်ပစ်တက်သည့် မျက်နှာသေနှင့် အမျိုးသမီးကိုသာ တွေ့ရှိခဲ့ရသည်။ ရှောင်းဆာ၏ မျက်နှာတစ်ခုလုံးက နက်မှောင်လာကာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အေးစက်သောလေများက ရေခဲဖြစ်လုနီးပါးပင်။ သူ ငြင်းပယ်ခံရတယ်ဆိုရင်တောင် ဘယ်သူကမှ သူ့ကို ဒီလိုမျိုး တံခါးမပိတ်ရဲခဲ့ကြဘူး။ ဒါပေမယ့် ဒါက ပိုင်ကျင်းရဲ့လူတွေ လုပ်တာပဲလို့ တွေးလိုက်ပြီးတော့ ရှောင်းဆာ၏မျက်လုံးများက နက်မှောင်သွားကာ ယာယီအနေဖြင့် ဂရုမစိုက်သေးဖို့ ဆုံးဖြတ်လိုက်သည်။

Back to the ApocalypseWhere stories live. Discover now