(၂၀)

1.2K 160 0
                                    

[Unicode]ပိုင်ကျင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ မြို့၏ အကြီးမားဆုံး ကျောက်စိမ်းရောင်းချသည့်ဈေးတန်းသို့ မောင်းနှင်သွားခဲ့သည်။

ကျောက်စိမ်းအရောင်းဆိုင်သို့ ရောက်သောအခါတွင် ခင်းကျင်းထားသည့် မြနှင့်ကျောက်စိမ်းများကိုကြည့်ရင်း ပိုင်ကျင်း တိတ်ဆိတ်နေခဲ့သည်။ ပိုက်ဆံကို ဘယ်လိုစီမံခန့်ခွဲရမလဲ သူ မသိရင်တောင် ဒီနေရာမှာ ယွမ် သန်းထောင်ပေါင်းများစွာ သုံးစွဲနေပါစေ၊ ဘာမှမပြောင်းလဲဘူးဆိုတာ သူ သိတယ်။

ပြီးတော့ သူက အများကြီးစဉ်းစားမနေဘူး။ ပိုင်ကျင်း၏နှလုံးသားက ယားယံနေခဲ့ပြီး အရည်အသွေးကောင်း ကျောက်စိမ်းတုံးတချို့ကို ကောက်ယူလိုက်ပြီး ဆိုင်ရှိလူများက ထိုကျောက်စိမ်းများကို ထုတ်ပိုးပေးလိုက်ချိန်တွင် ယွမ် နှစ်သန်းခန့် ပေးချေခဲ့ရသည်။

ပိုင်ကျင်းက သူ့နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ပေမယ့် ဈေးနှုန်းကို ဂရုမစိုက်ခဲ့ဘူး။ ကားဆီကိုပြန်ရောက်ချိန်တွင် သူက ကျောက်စိမ်းတုံးများကို နယ်မြေထဲသို့ ချက်ချင်းထည့်သွင်းလိုက်ပြီးနောက် ယွမ် နှစ်သန်းသည် ခြေရာလက်ရာမရှိဘဲ ပျောက်ဆုံးသွားခဲ့သည်။ သူ၏စိတ်စွမ်းအားကို စုစည်း၍ သူ့စိတ်ကို နယ်မြေအတွင်းသို့ ထည့်သွင်းလိုက်ရာ သူ၏စိတ်စွမ်းအားတွင် အနည်းငယ် ပြောင်းလဲမှုကို ခံစားလိုက်ရသည်။ သူ့နှလုံးသားက မပျော်ရွှင်ဘဲ မနေနိုင်ခဲ့ဘူး။ သူ့နှုတ်ခမ်းသားများက အပေါ်ဘက်သို့ ကွေးညွတ်သွားခဲ့ပြီးနောက် နယ်မြေကို စတင်စစ်ဆေးခဲ့သည်။

ယခုတစ်ကြိမ်မှာ နယ်မြေအတွင်း ပြောင်းလဲမှုများဖြစ်ပေါ်နေပြီး ကျောက်စိမ်း၏ အခန်းကဏ္ဍသည် ကျောက်စိမ်းယူနီကွန်းထက် ပိုမိုများပြားနေပုံရသည်။ ပြောင်းလဲမှုက အနည်းငယ်ပဲ ရှိနေသေးတယ်ဆိုရင်တောင်မှ သူ့နှလုံးသားထဲမှ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ဘူး။ မုကျူးရွာကို ပြန်ရောက်လာချိန်၌ ပိုင်ကျင်းသည် ခပ်တိုးတိုး ရယ်မောခဲ့သည်။ ဒါက ချောင်လီအား 'နေသည် အနောက်အရပ်မှ ထွက်လာသည်' ဟု အော်ဟစ်စေခဲ့ပြီး သခင်လေးက သူ့ကို တစ်ချက်လေးမှတောင် မကြည့်ခဲ့ဘူး။ ဒါက ရိုးရှင်းလှတဲ့ အံ့ဩဖွယ်ရာတစ်ခု ဖြစ်သည်။

Back to the ApocalypseWhere stories live. Discover now