Synopsis

125K 5.1K 238
                                    


{Zawgyi}

ပိုင်ရန်တစ်ယောက်ယာက်​ စိတ်​ကူးယဉ်​ဝတ္ထုထဲက Final Boss နတ်​ဆိုးဘုရင်​ယုံးယဲ့ရဲ့ တဏှာရူးလက်​ပါး​စေအဖြစ်​ ကူး​ပြောင်းခံလိုက်​ရတယ်​။ ပထမဆုံးကူး​ပြောင်းလာတဲ့​နေ့မှာပဲ နတ်​ဆိုးဘုရင်​ကြီးရဲ့အ​နောက်​ပိုင်းကို သွားကိုင်​လိုက်​မိတယ်​???

ပိုင်​ရန်​တုန်​လှုပ်​စွာနဲ့ "အရှင်​.. ဒါမ​တော်​တဆဖြစ်​သွားတာပါ!"

နတ်​ဆိုးဘုရင်​ မျက်​လုံး​တွေကျဉ်း​မြောင်းလိုက်​ပြီး "အဝတ်​​တွေချွတ်​ပြီး အခု​တောင်​​အောက်​ကို ​ပြေး​ဆင်းသွား"

သူ့ကမ္ဘာကိုပြန်နိုင်​ဖို့အတွက်​ ပိုင်​ရန်​လူသားနယ်​​မြေကိုသွားပြီး ဝတ္ထုရဲ့ဇာတ်​လိုက်​ကိုကူညီ​ပေးရမယ်​။

ပိုင်​ရန်​၊ ဂုဏ်​သိက္ခာရှိ​ရှိပုံစံဖြင့်​: "အရှင်​၊ ဒီလူက နတ်​ဆိုးနယ်​​မြေကိုခြိမ်း​ခြောက်​လာနိုင်​ပါတယ်​၊ ကျွန်​​တော်​လူသားနယ်​​မြေကိုသွားပြီး အရှင့်​အတွက်​သူ့ကိုသွားသတ်​ပါရ​စေ!" (တကယ်​​တော့ ငါ​​လေးအဲ့​အဓိကဇာတ်​​ဆောင်​ကို သွား​တွေ့ချင်​​နေပြီ)

ပိုင်​ရန်​၊ သူသစ္စာရှိ​ကြောင်း​ဖော်​ပြပြီး: "အရှင်​၊ ခဏ​စောင့်​ပါ.. ကျွန်​​တော်​လူသားနယ်​​မြေကိုသွားပြီး အရှင့်​အတွက်​​ဝေဒနာသက်​သာ​စေမယ့်​​ဆေး သွားရှာလိုက်​ပါမယ်​!" (တကယ်​​တော့ ငါ​လေးအဓိကဇာတ်​​ဆောင်​ကို သွားကယ်​ချင်​တာပါဟာ)

ပိုင်​ရန်​၊ အားလုံးအတွက်​ကိုယ်​ကျိုးစွန့်​ အနစ်​နာခံတဲ့ပုံစံနဲ့: "အရှင်​၊ အရှင့်​ကို​ရှေ့​လျှောက်​ကြီးမြတ်​​စေချင်​လို့ ကျွန်​​တော်​လူသားနယ်​​မြေကိုသွားချင်​တာပါ!" (တကယ်​​တော့ ငါ​လေအဓိကဇာတ်​​ဆောင်​ကို မြင်​ချင်​​နေတာဟ)

နတ်​ဆိုးဘုရင်​ရဲ့မျက်​နှာက မ​ပြောင်းလဲပဲရှိ​နေ​ပေမယ့်​ သူ့နားရွက်​ထိပ်​​လေး​တွေက ရဲရဲတွတ်​​နေ​လေပြီ။ သူ​တွေး​နေတာက: သူငါ့ကို ဒီ​လောက်​နက်​နက်​ရှိုင်းရှိုင်းချစ်​​နေတာ ယုံ​တောင်​မယုံနိုင်​ဘူး...

နတ်​ဆိုးဘုရင်​: "ဟမ့်​! ဘယ်​​လောက်​​တောင်​တွယ်​ကပ်​​နေလိုက်​သလဲကြည့်​စမ်း၊ ကိုယ်​မင်းအချစ်​ကို လက်​ခံလိုက်​ပါ့မယ်​​လေ.. ​ပြော​လေ! မင်းဘာပဲလိုလို​ ကိုယ်​မင်းကို​ပေးမယ်​!"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now