1..သူမ

8.8K 515 9
                                    

ကောင်းကင်​တခွင်​မှိုင်းညို့​နေပါ​သော်​လည်း..မိုးရွာမည့်​ဟန်​မရှိ...သို့​သော်​ ​မော့အိမ်​​တော်​မာ​တော့.​မော့အကြီးအကဲမျက်​နှာမိုး​တွေရွာချမည်​နှယ်​​မှောင်​မဲလို့​နေပါသည်​....
ဟုတ်​ပါသည်​..​မော့သခင်​မဗိုက်​နာ​နေသည်​မှာ၅ရက်​ရှိ​နေပြီ.သို့​သော်​..မ​မွေးနိုင်​ရှာ​သေး..​မော့အကြီးအကဲစိတ်​ပျက်​လက်​ပျက်​နှင့်​အိမ်​​တော်​တခွင်​သို့အကြည့်​​ဝေ့ဝဲလိုက်​သည်​..ညိုးနွမ်း​နေ​သော​သောပန်းပွင့်​များနဲ့အပင်​များ......​မော့သခင်​မကိုယ်​ဝန်​စရှိထဲကညိုးနွမ်း​နေသည်​မှာ...ယခုအချိန်​ထိ...​ကြွေသွားခြင်းမရှိ။မော့အကြီးအကဲတိုးတိတ်​စွာ​ရေရွတ်​လိုက်​သည်​...

"​သေ​နေတာလား..ရှင်​​နေတာလား..."

ထိုစဉ်​......

"သခင်​မ....ညှစ်​...ညှစ်​..."

အတွင်းခန်းမှအသံထွက်​​ပေါ်လာသည်
...ထိုအသံ​ကြောင့်​..​မော့အကြီးအကဲ..စိတ်​လှုပ်​ရှားသွားပြန်​သည်​...မကြာခင်​အသံပြန်​လည်​တိတ်​ဆိတ်​သွားပြန်​သည်​..​မော့အကြီးအကဲသက်​ပြင်းချလိုက်​ပြန်​သည်​..

"ဒီလိုဖြစ်​​နေတာ..ဘယ်​နကြိမ်​​မြောက်​​နေပြီလဲ..."

ထိုအချိန်​ဝိုင်းဝတွင်​အရိပ်​တခု​ပေါ်လာသည်​...ထိုအရိပ်​မှာ..အနည်းငယ်​ကုန်း​နေပြီး..​သေချာကြည့်​ပါကအဘိုးအိုတ​ယောက်​ဖြစ်​​ကြောင်း​တွေ့ရမည်​ဖြစ်​သည်​...သို့​သော်​..​မော့အကြီးအကဲကမမြင်​....

"သခင်​ကြီး..."

ခေါ်သံ​ကြောင့်​​မော့အကြီးအကဲလှည့်​ကြည့်​လိုက်​​သော်​...သူတို့အိမ်​မှအလုပ်​သမား​လေး..တဆက်​ထဲ​ဘေးမှာရှိသည့်​အဘိုးအိုကိုလဲမြင်​လိုက်​ရသည့်​အခါ...​မော့အကြီးအကဲမျက်​​မှောင်​ကျုံ့လိုက်​မိသည်​..ဘာ​တွေလဲ..စိတ်​ရှုပ်​​နေရတဲ့အထဲ..

"ဘာလဲ...​ပြော.."
"အဘိုးက..က​လေး​မွေး​ပေးမလို့ပါတဲ့..."
"ဟမ်​"

မော့အကြီးအကဲ..အဘိုးအိုကိုစုနိဆန်​ကြည်​လိုက်​မိသည်​...ဘယ်​မာလက်​သည်​နဲ့တူလိုလဲဟ...အဲ့ဒီအစား..​ဗေဒင်​​ဟောတဲ့စာကြမ်းပိုးရုပ်​နဲ့​တောင်​ပိုတူ​နေ​သေးတာကို...

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now