63.zgi

718 41 7
                                    

ကြုံခဲလှသည့်ဖူးစာ

63.ငါအရင်သွားနှင့်ရတော့မယ်

မော့ဟွားက နန်းတော်ပေါက်ဝတွင် ခိုင်ခိုင်မြဲမြဲရပ်ကာ သူမကိုကြည့်နေသော နတ်ဆိုးခေါင်းဆောင်ကိုတွေ့သွား၏ သူမမျက်ခုံးပင့်လိုက်ကာ

"အဟား မင်းက ငါ့ကိုတားရဲတယ်ပေါ့ မလောက်လေးမလောက်စားလေးက ငါ့ကိုတားရဲလောက်အောင်သတ္တိတွေရှိနေသေးပုံထောက်တော့ လာအသေခံချင်နေတာပဲဖြစ်ရမယ် ကောင်းပြီလေ မင်းရဲ့ဆန္ဒကိုဖြည့်စည်းပေးမယ် "

မော့ဟွားက သူမလက်ဆန့်လိုက်ပြိး
အသူရာလေးကိုဆင့်‌ခေါ်ကာ မြားကိုထုတ်ကာအသူရာ‌လေးတွင်တပ်ဆင်လိုက်၏ အသူရာလေးက သူမအဖေရဲ့လက်နက်ဖြစ်သည် သူမအဖေသေဆုံးသွားပြိးနောက် အသူရာလေးက သူမထံခစားဖို့ရွေးချယ်ခဲ့၏ ထို့ကြောင့် သူမသေဆုံးသွားခဲ့ချိန်တွင် အသူရာလေးကလဲသုံးလောကထဲတွင်ပျောက်ကွယ်သွားခဲ့သည် သူမမြွေနတ်ဘုရားမအဖြစ်နိုးထလာသည့်အချိန်တွင် အသူရာလေးကလဲသူမ‌ဘေးတွင်ပြန်ပေါ်လာခဲ့လေတော့သည် ထို့ပြင် အသူရာလေးက နတ်ဘုရားများကိုသတ်ပစ်‌နိုင်သည့်အစွမ်းရှိသောကြောင့် နတ်ဘုရားများမက်မောတန်ဖိုးထားရသော ဓမ္မကစ္စည်းတခုလဲဖြစ်လေသည်

နတ်ဆိုးခေါင်းဆောင်က အသူရာလေးကိုမြင်လိုက်သည်နှင့်မျက်နှာအကြီးအကျယ်ပျက်သွားပြိး အဆင့်နိမ့်နတ်ဆိုးများကိုအော်ဟစ်လိုက်၏

"အားလုံး‌ဖယ်ကြ......."

ထိုအသံကိုကြားသောအခါ မော့ဟွားကပြုံးလိုက်၏ သူမအပြုံးကအရမ်းကိုကြောက်ဖို့ကောင်းလွန်းနေသည်
သူမမျက်နှာတွင်သွေးစများပေကျံလျုက်ရှိ၏ သူမစီးနင်းထားသောရှောင်ပိုင်၏ပါးစပ်တွင်လည်း နတ်ဆိုးအလောင်းသူံးလောင်းကိုကိုက်ခဲထားသေး၏ မျက်လုံးများရဲရဲနီနေပြီး သွားစွယ်အကြီးကြီးတွေကသားရေတွေထွက်ကျနေပြီး ခံတွင်းထဲတွင်လဲ နတ်‌ဆိုးအလောင်းများရှိနေခြင်းကြောင့် ရှောင်ပိုင်ရဲ့ပုံစံက အဆင့်နိမ့်နတ်ဆိုးများကိုကြောက်ရွံစေ၏ ထို့ကြောင့် သူတို့ရဲ့ခေါင်းဆောင်ဆီမှ အမိန့်သံကြားရသောအခါ အားလုံးဝေးရာသို့ရှောင်ရှားလိုက်ကြ၏

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now