42.လီဝမ်

1.5K 97 4
                                    

42.လီဝမ်

"မလုပ်နဲ့ ..........."

မော့ဟွားကဖြူဖျော့နေပေမဲ့ ရုတ်တရက်ကြီး သူမထပြီးသူမချစ်ရတဲ့သူကိုကာကွယ်ပေးလိုက်တယ် သူမမှာအားမရှိပေမဲ့လဲ သူမရဲ့ကိုယ်နဲ့ကာကွယ်ပေးနိုင်ပါ‌ေသးတယ် ဝမ်လေး ကျွန်မရဲ့အချစ်‌ရေ ကျွန်မအသက်ရှင်နေသရွှေ့မသေစေရဘူး

လီဝမ်ကိုသူမရဲ့ကိုယ်နဲ့ကာကွယ်ပေးနိုင်ပေမဲ့ ပိုင်ယီကိုတော့ သူမမကာကွယ်ပေးနိုင်တော့ဘူး သူမမျက်ရည်တွေနဲ့ရယ်မောလိုက်ပြီး သူမကိုယ်သူမဘယ်လောက်ထိအထင်ကြီးခဲ့မိလဲဆိုတာသိခဲ့ရတယ် ဝမ် အချစ်လေး ငါတို့ဒီဘဝတော့မဆုံနိုင်တော့ဘူးထင်ပါရဲ့အချစ်ရယ်

မော့ဟွား လီဝမ်နဲ့ပြန်ဆုံတဲ့နေ့လေးကိုသတိရမိလိုက်တယ် သူရဲ့ညိုပေမဲ့ထင်းနေတဲ့မျက်ခုံ‌းလေးတွေနဲ့ တလက်လက်တောက်ပနေတဲ့မျက်ဝန်းလေးတွေက သူမရဲ့နှလူံးသားကိုညို့ငင်နိုင်ခဲ့တယ် ပေရေနေပေမဲ့လဲသူရဲ့ပါးပေါက်လေးတွေဟာပြုံးလိုက်တိုင်းအရမ်းကိုရင်ခုန်ရလွန်းလို့ရူးမတတ်ပဲ ဒါကြောင့်လဲဘာအကြောင်းမှမရှိပဲသူ့ကိုကယ်ခဲ့တဲ့အပြင် သူစိတ်ချမ်းစွာနဲ့အေးအေးချမ်းချမ်းနေနိုင်အောင်လဲ နေဝင်ချိန်အိမ်တော်ကိုဝယ်ပေးခဲ့တာ ပြီးတော့ သူနဲ့ပြန်ဆုံချင်ခဲ့တယ် ပြန်တွေ့ချင်ခဲ့တယ် ပိုင်တိုင်းပြည်မှာပြန်တွေ့တော့ သူရဲ့ခံညားမူ့မှာတခါပြန်ကျရှူံးခဲ့ပြန်တယ် ဘယ်လောက်ပဲဟန်ဆောင်ထားဟန်ဆောင်ထား သူဆိုတဲ့ဖြစ်တည်မူ့ကိုစဥ်းစားလိုက်တာနဲ့ အမြဲတမ်းစိတ်ချမ်းသာစေနိုင်ခဲ့တယ် ဝမ်(ဘုရင်) မင်းဟာအမြဲတမ်းငါ့ရဲ့ရင်ထဲကဘုရင်ပါပဲ

ဒါပေမဲ့ သူမချစ်တဲ့သူကိုမှနာကျင်အောင်လုပ်ချင်ကြသတဲ့လား သေစေချင်ကြသတဲ့လား ဘယ်လောက်စိတ်တိုဖို့ကောင်းလိုက်သလဲလို့ ဒါကြောင့်လဲသူမဒေါသတွေပေါက်ကွဲပြီးဝမ်လေးကိုကာကွယ်ပေးခဲ့တာပေါ့ ဟားဟား ဘယ်သူထင်မလဲအဲ့ဒီကာကွယ်ရေးပစီအစဉ်ဟာ သူမရဲ့ရှစ်စွမ်းအောက်မှာကျရှုံးခဲ့မယ်လို့ နှုတ်ဆက်ပါတယ်ဝမ်လေးရယ် နောင်ဘဝတော့ကျိန်းသေ‌ေပါက်မင်းကိုလိုက်ရှာပြီးအနီးနားပဲထားတော့မယ် သူမမျက်ရည်တွေပါးပေါ်ကျလာပြီး ရုတ်တရက်အမှောင်ကျသွားတော့တယ် သူမသတိလစ်သွားပြီးတဲ့နောက်ဘာဆက်ဖြစ်လဲသးမမတွေးနိုင်မသိနိုင်တော့ပါဘူး

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now