15.ညီလာခံသဘင် ညီလာခံသဘင္

2.3K 197 0
                                    

တကယ်ပဲမော့ဟွားမှာဒီခွေး‌လိုလိုလေးတကောင်ရှိပါရဲ့ အမြဲရန်ဖြစ်နေရတယ်
‌ငါလဲဘာလဲတော့မသိဘူး အရမ်းကိုမောနေပြီ

"ရှောင်ပိုင် နောက်ဆုံးတခေါက်ပြောမယ် နင်ဒိလိုတွေဆက်လုပ်နေရင် ငါနင့်ကိုပန်းချီကားထဲမှာဂါထာနဲ့ပိတ်ထားမှာနော်"
"ဟွားဟွား ငါမှားမှန်းသိပါပြီ ပန်းချီကားထဲမှာတော့ဂါထာနဲ့ပိတ်မထားပါနဲ့နော် နောက်တခါနင်ထပ်ပိတ်ရင် ငါတကယ်ကြီးအသက်ထွက်သွားနိုင်တယ်"

'ပလောက် ပလောက်'
ရှောင်ပိုင်မှာမျက်ရည်များစီးကျနေလျက်
စိတ်တိုကာနှာမှုတ်နေသောသူ့သခင်မအားချော့ရန်အစွမ်းကုန်လုပ်ဆောင်နေသည်
ဘာကြောင့်ဆို သူမှပန်းချီကားထဲမနေချင်ပဲကို မော့ဟွားနဲ့ပန်းချီကားထဲပိတ်ခံရမှာကြောက်သောရှောင်ပိုင်တို့သည်မတည့်အတူနေ မွေးဖွားဖက်များဖြစ်ကြသည်

မော့ဟွားကိုယ်ဝန်ရှိချိန် ရှောင်ပိုင်မှာလည်းကောင်းကင်တိုင်းပြည်တွင်သောင်းကျန်နေချိန်ဖြစ်သည် နတ်စစ်သည်တသန်းကျော်ကိုသတ်ဖြတ်ခဲ့ပြီး ကောင်းကင်ဘုံစာကြည့်တိုက်ကိုဝင်ကာ သားရဲများ၏ဝိဉာဉ်သိမ်းဖွက်ခြင်းစာအုပ်ကိုရှာခဲ့၏ ထိုစာအုပ်ကိုလိုချင်သောကြောင့်လဲကောင်းကင်တိုင်းပြည်ကိုကျူးကျော်ခြင်းဖြစ်‌သည် သို့သော်‌ေရှာင်ပိုင်မှာကံမကောင်းခဲ့ ကောင်းကင်ဘုံစာကြည့်တိုက်တွင်အပြစ်ပေးခံနေရသော စစ်နတ်ဘုရားတပါးနှင့်ကြုံကြိုက်ခဲ့ရာ ရင်ဆိုင်တိုက်ခိုက်ရာတွင်ရှုံးနိမ့်ပြီး မော့ဟွား၏ဝိဉာဥ်အ‌ေစာင့်အဖြစ်ချိတ်ပိတ်ခံခဲ့ရသည် ထို့ကြောင့်မော့ဟွားမွေးဖွားချိန်တွင်ရှောင်ပိုင်မှာလဲပြန်လည်မွေးဖွားလာခဲ့သည်(ကောင်းကင်ကအပြစ်ပေးတာ)

ဒါပေမဲ့ ရှောင်ပိုင်နှင့်မော့ဟွားကဘယ်တော့မှမတည့်ပေ

သို့သော် တယောက်နှင့်တယောက်အရေးအကြောင်းဆိုလျင်နဖူးမှပန်းကလေးများကသတိပေးကြ၍ အချိန်မှီကူညီနိုင်ကြ၏
ဒါကသူတို့နှစ်ယောက်၏ထူးခြားမူ့ဖြစ်သလိုဆက်သွယ်မူ့လဲဖြစ်သည် မော့ဟွား၏ခံစားချက်ကိုရှောင်ပိုင်ကသိသလို ရှောင်ပိုင်ဘာတွေးနေလဲမော့ဟွားကသိသည်မို့ သူတို့ကနှစ်ကိုယ့်တစိတ်ဟုပင်ပြောနိုင်သည် သို့သော် သိကြတဲ့အတိုင်းဆယ်ခါတွေ့ရင်ဆယ့်တစ်ခါလောက်ကသတ်နေကြတာပင်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now