23.ဧကရာဇ်လီ ဧကရာဇ္လီ

2.1K 177 11
                                    

"ပြီးတော့ ရှောင်လော့ဝေရောပဲ"
"ဖူးးးးး" ရေနွေးများထွက်ကျ
"မို့လျန်ချန်ရော "
"............"ဆွံအ
"ရီလျိုချင်းရော"
"ဂွက် " မေးရိုးများပြုတ်ကျ

လေး .....လေးယောက်လုံးကလား ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ မဟုတ်ရင် ငါ့ကိုလေးပိုင်းပိုင်းပြီးဖြတ်ယူကြဖို့စဉ်းစားနေကြတာလား ဘာလားပဲ

"ပြီးတော့ ကိုယ့်ခမည်းတော်လဲပါတယ် "
"ဖူးးးးးး" ရေနွေးနောက်တခါထပ်ထွက်ကျ

တကယ်ကြီးလား ?? ထျန်းနာ...ငါအသက်ရှူဖို့လိုနေပြီ.....

"နေပါဦး အသက်ရှူခွင့်လေးပေးပါဦး ပိုင်ကော ဒီကမေ့မေ့ကို အံ့ဩပြီးသေအောင်လုပ်နေတာတော့မဟုတ်ပါဘူးနော် "
"တကယ်ပြောတာ ကိုယ်မလိမ်ပါဘူး"
"........"

မော့ဟွားမှာဘာမှမတတ်နိုင်စွာမျက်ဖြူလန်ပြရုံသာရှိတော့သည်

"ဒီတော့ ဘယ်သူ့ကိုရွေးမှာလဲ "

လာပြန်ပြီ ဘယ်သူ့ကိုရွေးမှာလဲဆိုတာကြီးက....... ဒါကိုပဲခနခနပြောပုံထောက်သိပ်များချိုမြိန်နေကြတာလားမသိဘူး

"မရွေးလို့မရဘူးလား "
"ရပါတယ် ဒါပေမဲ့ ဟွားဟွားစဉ်းစားကြည့် အရမ်းလှတဲ့ဟွားဟွားက ကိုယ်တို့ထဲကတယောက်ယောက်ကိုမှမရွေးချယ်ခဲ့ဘူးဆိုရင် ကိုယ်တို့ကငါးနိုင်ငံကအိမ်ရှေ့စံတွေလေ သူတို့ကဒီမှာအကြာကြီးနေမှာမဟုတ်ဘူး အဲ့ဒီအခါ သူတို့တိုင်းပြည်ပြန်ရောက်ပြီးတော့ ဟွားဟွားကိုဘယ်သူရသွားလဲဆိုတာ သို့လောသို့လော ဖြစ်နေပြီးတော့ ငါရချင်တယ် သူရချင်တယ်နဲ့ ငါးနိုင်ငံမှာစစ်ဖြစ်ရလိမ့်မယ် အဲ့တော့ ဟွားဟွားကတယောက်ယောက်ကိုရွေးလိုက်မယ်ဆိုရင် ကျန်တဲ့သူတွေအလိုလိုနောက်ဆုတ်ပေးကြမှာ ကိုယ်ကတော့ကိုယ့်ကိုရွေးတာအကောင်းဆုံးလို့ထင်ပေမဲ့ ဟွားဟွားသဘောပါ ကဲ ဒီလောက်ဆိုရင်နားလည်ပြီလား တယောက်ယောက်ကိုကျိန်းသေပေါက်ရွေးခိုင်းရတဲ့အကြောင်းကို"
"အင်း နားလည်သလိုလိုတော့ရှိသား ဒါနဲ့ ငါးယောက်လုံးကိုရွေးလိုက်လို့မရဘူးလား"
"..........."
"ဟားဟားဟား စတာပါ မျက်နှာကြီးကလဲအဲ့လောက်တွန့်လိမ်မသွားပါနဲ့ ကောင်းပြီလေ ဒါဆို အနီရောင်နမိတ်ကိစ္စပြီးသွားရင် ရွေးပေးမယ် အဆင်ပြေလား "
"ကောင်းပြီ"

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now