50. ဒဏ်ရာ‌ေတွအပြည့်နဲ့

1K 81 6
                                    

50.ဒဏ်ရာတွေအပြည့်နဲ့

လီဝမ်က မှော်ဝင်သွေးတောင်ပံကျားကလူဘုံရဲ့အကာအကွယ်စည်းထဲဝင်ရောက်ပျောက်ကွယ်သွားတာနဲ့ သူစတင်ပျံသန်းပါတော့တယ်

အကာအကွယ်စည်းနဲ့နီးနိုင်သမျှနီးအောင်လို့ သူကြိုးစားလိုက်ပါတယ်
ဒါပေမဲ့ နတ်မိစ္ဆာခေါင်းဆောင်က သူ့ကိုသံကြိုးနဲ့လွှဲကာဖမ်းလိုက်ပြီး ပစ်ပေါက်လိုက်ပါတယ် လီဝမ်တယောက်မြေပြင်ပေါ်ကိုအရှိန်ပြင်းစွာ‌ကျသွားပြီး သွေးတလုတ်ကိုအန်ထုတ်လိုက်ရပါတော့တယ်

စိတ်တိုနေတဲ့နတ်မိစ္ဆာခေါင်းဆောင်က လီဝမ်ပါးကိုဖြစ်ညှစ်လိုက်ကာ စိမ်းစိမ်းကြီးစိုက်ကြည့်နေပါတယ်
ပြီးမှသွားကြားထဲကလေသံနဲ့ ပြောလိုက်ပါတယ်

"မင်းက မလိမ္မာဘူးပဲ အဲ့တော့ မင်းအသက်ကိုပဲပေးလိုက်တော့ "

လီဝမ်က သူနာကျင်နေသော်လည်းပဲ မျက်ဝန်းများကတော့ စူးရှနေဆဲပါ သူ့ကိုကြည့်လိုက်တာနဲ့မျက်ဝန်းတွေကဘာပြောချင်လဲဆိုတာတန်းသိနိုင်ပါတယ် နတ်မိစ္ဆာခေါင်းဆောင်က တချက်ရယ်လိုက်ပြီး

"မင်းမကြောက်ဘူးလို့ မင်းရဲ့ဟောဒီမျက်လုံးလေးတွေကပြောပြနေတာပဲ ကျွတ် ကျွတ် သနားစရာကောင်လေး မင်းသာလိမ်လိမ်မာမာနဲ့ဖူချွမ်အသီးကိုထုတ်ပေးလိုက် မင်းမသေတဲ့အပြင် မင်းကိုငရဲဘုံမှာအာဏာရှိအောင်ပါငါလုပ်ပေးနိုင်တယ် မင်းလိုချောချောလှလှလေးတွေဆိုရင် သခင်ကြီးကကြိုက်မှာပဲ ဘယ်လိုလဲ"

လီဝမ်နာကျင်နေတဲ့ကြားက သေချင်စိတ်ပေါက်သွားပါတယ် မင်းမပြောနဲ့နော် မင်းတို့သခင်ကြီးကဇတ်တူသားစားတယ်လို့ အားရားရား ငါတော့သူတို့လက်ထဲပါသွားရင်မတွေးရဲစရာပဲ လွတ်အောင်အကြံထုတ်မှရမယ်

"အဲ့တော့ ခင်ဗျားကရော ကျွန်တော်လိုအဆင်လေးကိုမကြိုက်ဘူးလား"
"..........."

လီဝမ်တယောက်ကတော့ ပါးစပ်ကထုတ်ပြောနေပေမဲ့ စိတ်ထဲမှာ‌ေတာ်‌ေတာ်ကိုအော်ဂလီဆန်နေပါပြီ ဒီလိုမျိုးပြောထွက်တဲ့ပါးစပ်ကိုလဲ ပြန်ရိုက်ချင်နေတာအကြိမ်ကြိမ်ပါပဲ ‌

"ဟင် မကြိုက်ဘူးလားလို့ သခင်ကြီးဆီမသွားချင်ပါဘူး အာဏာမရချင်နေပါစေ ဟောဒီကအကိုကြိးနားခစားရမယ်ဆိုရင်လဲဖြစ်ပါတယ်နော် "
"ဒါဆို ဖူချွမ်အသီးပေးလေ "
"အားရား ဖူချွမ်အသီးက စောနကကျားကြီးယူသွားပြီ‌လေ အဲ့ကောင်ကအကျင့်မကောင်းဘူး သူကဖူချွမ်အသီးရဲ့ဆွဲဆောင်တာကိုခံလိုက်ရတယ်လေ အဲ့တာကြောင့် ကျွန်တော့်ကိုတောင်ပစ်ချခဲ့တာကိုပဲကြည့်ပါတော့ ဟွန့် တနေ့ပြန်ဆံုလို့ကတော့ အရေခွံနွာပြီးကင်စားပစ်မယ် "

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now