14.ပြေးတမ်းလိုက်တမ်း ပြေးတမ်းလိုက်တမ်း

2.4K 199 0
                                    

"တကယ်တော့ မြင်ထားတာကိုတထစ်ချကျိန်းသေမှန်မယ်ပြောလို့မရ‌ေပမဲ့လဲ ကာကွယ်ထားရင်တော့အကောင်းဆုံးပေါ့ "
"ပြောသာပြောပါဟွားဟွား ကောကောနားထောင်နိုင်ပါတယ်"
"အမြင်မှာ စစ်ပွဲကြီးကိုတွေ့တယ် ကောကောလဲဒဏ်ရာတွေနဲ့ ပြီးတော့ခေါင်းပြတ်ကြီးကိုကိုင်ပြီးငိုနေတယ် မိန်းမတယောက်ရဲ့ခေါင်းလိုမျိုးပဲ ဘယ်သူလဲတော့မသိဘူး အကုန်လုံးကသေနေကြတာ လူသေတွေဆိုတာအများကြီးပဲ နန်းတော်ကြီးကလဲမီးတွေလောင်လို့ အင်းတော်တေယ်မြင်ကွင်းကဆိုးဝါးတယ် တယောက်မှအသက်ရှင်နေတာမတွေ့ဘူး ပိုင်ကောတောင်မှပဲဒဏ်ရာကအရမ်းပြင်းထန်တာ
တိုင်းပြည်ငါးခုစလုံးပျင်သုန်းသွားတယ်တဲ့ သမုဒ္ဒရာလေးခုနဲ့ကျွန်းစုရှစ်ခုလဲကွယ်ပျောက်သွားတယ် ကန္တာရကြီး
တခုလုံးဖြစ်သွားတယ် "

ဟွားဟွား၏သက်ပြင်းချသံထွက်ပေါ်လာ၏ သူမမျက်နှာပေါ်မှာ ‌ေနာက်‌ပြောင်သည့်အရိပ်အယောင်တစက်မှမတွေ့ရ ဒီကလေးမခုလိုကြတော့လဲ အရမ်းချီးကျူးဖို့ကောင်းတယ်

"အင်းမဖြစ်အောင်တားဆီးဖို့နည်းလမ်းရှိလား "
"ရှစ်စွမ်းဆိုရင်တော့သိလောက်တယ်
ပညာသင်ဂိုဏ်းတူအကိုတွေလဲသိလောက်တယ် မေ့မေ့ကခုမှသင်နေတုန်းလေ သိပ်မသိသေးဘူး"
"အော် ဟမ် ဘယ်လို "
"ဟမ် ဘာလဲ"
"ရှစ်စွမ်းနဲ့အကိုတွေ?"

သူမပြောချင်တာကအုပ်စုလိုက်ကြီးရှိနေတာလား နမိတ်ဖတ်သူတွေကလေ တကယ်ကြိးလား သူမကပညာသင်‌ေနတုန်းတောင်အဲ့လောက်ကြီးတော်တယ် သူရှစ်စွမ်းဆိုတာလယ်လိုလူမျိုးများလဲ ?

"အင်းလေ ရှစ်စွမ်းနဲ့အကိုသုံးယောက်ရှိတယ် နောက်ကြုံမှ‌ေမးပေးမယ်လေ ရှောင်လွဲလို့ရလား နည်းလမ်းရှိလားဆိုတာ"
"မေ့မေ့ပြောတာအမှန်တွေဆိုရင်တော့ ခမည်းတော်ကိုတင်လျောက်ပြီးအစီအစဉ်တွေဆွဲမှပဲ ငါးနိုင်ငံလုံးနဲ့ပတ်သတ်တော့ပေါ့ဆလို့မရဘူး ဒ့ါတကယ်အရေးကြီးတယ် "
"မေ့မေ့မြင်တာ များသောအားဖြင့်တော့မှန်တတ်ပါတယ် "

သူမကိုပိုင်ယီငေးမိသွား၏
အခုလိုကြ‌ေတာ့ သူမကိုအမှန်တကယ်ကျေးဇူးတင်မိတယ် သူမသာကြိုမပြောခဲ့ရင် သူကာကွယ်ဖို့ပေါ့‌ေလျာ့မိလိမ့်မယ်
ဘယ််လိုပဲဖြစ်ဖြစ်ကြိုသိထားတော့ပိုကောင်းတာပေါ့ အနာသိရင်ဆေးတော့ရှိမှာပဲမဟုတ်လား

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now