2.3K 192 1
"ညစ်ပတ်လိုက်တာ "
"အယ် အဲ့လိုမပြောနဲ့လေ မေ‌့မေ့ရဲ့စိတ်စွမ်းအားကပေးထားတဲ့ဟာထက်ပိုတန်ဖိုးရှိပါတယ်နော် လေးယောက်လုံးကိုဟောပေးရမှာလေ တော်ကြာ အားနည်းပီးမူးလဲသွားရင်ဘယ်သူတာဝန်ယူမှာလဲ"
အင်း သူမပြောတာဟုတ်သလိုပဲ
ရှောင်လော့ဝေမှ
"ကိုယ့်ကိုဟောပေး "
"အင်းရှောင်ကောကောအလှည့် "
အမ် သူမတကယ့်ကိုရဲတယ်
ပြီးတော့ သူမရဲ့အထိအတွေ့ကတကယ့်ကိုသာယာဖို့ကောင်းတာပဲ
"ရှောင်ကော‌ရဲ့အနာဂတ်သတို့သမီးက "
"သတို့သမီးကဘာလဲ"
"ဇနီးလောင်းကိုပြောတာလေကောကောကလဲ "
"အော် "
"သူမက ထူးခြားတဲ့သူ ပီးတော့ ထူးခြားတဲ့အရာတွေကိုနှစ်သက်တယ် အဲ ဒါပေမဲ့ သူမက စိတ်တိုလွယ်တယ် ရှောင်ကောစိတ်ရှည်ရမယ် သူမကရှောင်ကောရဲ့ပခုံးမှာမှီပီးပြုံးနေတယ် "
ပြောရင်းမှမျက်လုံးဖွင့်လာလျက်
"ဒီထိပဲ "
"အမ်"
ဘယ်လိုတောင်မတင်မကျကြီးလဲ ပေါင်းမဲ့အ‌ေြခအနေလား ဘာလား လော့ဝေတွေးတောနေဆဲ
မို့လျန်ချန်က ရုတ်တရက်ထပီး
"ငါ့အလှည့်ကွ"
"ဟုတ်ပီလာ "
"အာ မို့ကောကောက အပွေလေးပဲ အမလေး မိန်းမတွေချည်းပဲမြင်ရတယ် မြတ်စွာဘုရား မိန်းခလေးတွေနဲ့ဘလိုတောင်ပလူးနေတာ ဟားဟား ဒါပေမဲ့တယောက်နဲ့တော့ငိုရပီလေ ‌ကောင်းထှာ "
ထိုအခါ စဉ်းစားဝင်နေကြသည့်သုံးယောက်မှာ ခေါင်းထောင်လာကာ တ‌ေယာက်တမျိုးစီလှောင်‌ေြပာင်ကြတော့သည်
အဆိုးဆုံးကား လော့ဝေ သူ့ကိုစထားသမျပြန်ဆပ်စေဆိုတာမျိုးလိုမညှာတမာပြစ်ပြစ်နှစ်နှစ်ဝေဖန်နေတော့သည်
မို့လျန်ချန်စိတ်ထဲမှာတော့ အေးပေါ့ သူကဟောထားသမျထဲကောင်းနေတော့လဲ ဟွန်း လုပ်ထားပေါ့ သူကတော့ သူ့ကိုငိုအောင်လုပ်နိုင်တဲ့ကောင်မလေးကိုအမြန်တွေ့ချင်နေပီဖြစ်သည် ဘယ်လောက်တောင်ချောလို့သူကငိုသွားရတာတုန်းတဲ့
"ဟေး မေ့မေ့ကိုယ်ပဲကျန်တယ် သေချာဟောပေးနော် ကိုယ်နောက်ထပ် ထပ်ပေးမယ် အစားလိုက်ကျွေးမယ် မေ့‌ေမ့သဘောအတိုင်းအကုန်ဖြစ်စေရမယ် "
(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now