28.သူ့ကိုမြင်ဖူးတယ် သူ့ကိုမြင်ဖူးတယ်

2K 165 4
                                    

‌မော့ဟွားက လီဝမ်ကိုကြည့်ကာ မျက်လုံးပင့်ပြ၏ တခုခုလုပ်ဦးလေဟုအချက်ပြ၏ လီဝမ်ကလက်နှစ်ဖက်ကိုလန်ကာမြှောက်ပြသည် သူလဲဘာမှမတတ်နိုင်ဘူးဆိုတဲ့သဘောကိုဆောင်၏

မော့ဟွားက လီဝမ်ကိုမျက်စောင်းထိုးလိုက်၏ ထိုမျက်စောင်းမှာတိုက်ရိုက်ပင်‌လီဝမ်နှလုံးသားထဲစိုက်ဝင်သွားကာ လီဝမ်မှာဟတ်ထိသွားပေသည် ရင်ဘတ်ကိုကိုင်ပြီးငြိမ်သွားသော လီဝမ်ကြောင့် မော့ဟွားမှာဒေါသတကြီးဖြစ်လာ၏ သူမအရှေ့ကဘုရင်နှစ်ပါးမှာလဲ စကားစစ်ထိုးလို့ကောင်းတုန်း

အဲ့လိုမှန်းသိရင် စစ်ပွဲမှာဒီဘုရင်နှစ်ပါးသေပြီးမှထတားပါတယ် အခုကြည့်စမ်း နားကိုငြီးနေတာပဲ ဒီနေ့အဖို့က ရန်ဖြစ်တာကိုရပ်ဖို့ရှိလား ဟမ် တယောက်ယောက်လောက်ပြောကြစမ်းပါ

သူမမျက်မှောင်ကြီးကျုတ်ကာကြည့်နေလဲရှေ့ကဘုရင်နှစ်ပါးကသတိမထားမိ အေးလေ ငါလိုသေးသေးညက်ညက်ကလေးကို ဘယ်လိုမျက်စိထဲထည့်ပါ့မလဲ ဟုတ်ပြီလေ ဒီဘုရင်နှစ်ပါးကိုဘယ်လိုသင်ခန်းစာပေးလိုက်မလဲဆိုတာစောင့်ကြည့်ကြ ဟမ့်

ရုတ်တရက် မော့ဟွားက စားပွဲခုံပေါ်သို့ဗြန်းခနဲရိုက်ကာ ထအော်ပစ်လိုက်၏

"ဗြန်း ဗြန်း ဗြန်း တော်ကြတော့ "

သူမ၏အော်သံကအတွင်းအားများအကုန်စုစည်းကာအော်ပစ်လိုက်ခြင်းဖြစ်ရာ ဘေးနားကစစ်သည်များ၏နားများတွင်သွေးများထွက်လာ၏ သူတို့၏ကိုယ်များမှာတွန့်လိမ်လာပြီးမြေပေါ်တွင်လူးလှိမ့်နေကြ၏

ဘုရင်နှစ်ပါးမှာလဲမသက်သာပေ နားကိုအုပ်ထားကာတွန့်လိမ်နေကြရသည်
လီဝမ်မှာလဲ စားပွဲခုံပေါ်ခေါင်းတင်ထားကာနားရွက်မှသွေးများထွက်နေသည်
ရှောင်ပိုင်ကသာအေးဆေးနေနိုင်သူဖြစ်သည်

အတန်ကြာမှသူတို့ခေါင်းမော့လိုက်ကြကာ မော့ဟွားကိုကြည့်လိုက်ကြသည်

သူတို့၏နတ်ဘုရားမလေးစိတ်တိုနေတယ် အိုး သူမစိတ်တိုနေလေးကိုကြည့်ပါဦး ပါးလေးတွေနီရဲပြီးတော့ မျက်ဝန်းလေးတွေကတောက်နေတာပဲ ရင်ဘတ်ကနိမ့်ချည်မြင့်ချည်ခပ်မြန်မြန်ဖြစ်နေတာ အိုး ငါတော့သေလို့ရပြီ (နင်တို့မြန်မြန်သေကြမဲ့ဟာတွေ)

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now