57.အကာအကွယ်စည်းအားနည်းလာပြီ

996 55 0
                                    

57.အကာအကွယ်စည်းအားနည်းလာပြီ

"အဟမ်း ဒီနှစ်တွေထဲမှာ မုတန်း(မိစ္ဆာနတ်ဆိုးအရှင်သခင်)အတော်ငြိမ်‌
နေပုံပဲ မုယုံ(မိစ္ဆာနတ်ဆိုးရဲ့သား)ကလဲ ခုထိအဲ့အတိုင်းပဲနေမှာ မုယန်း(မိစ္ဆာနတ်ဆိုးရဲ့သမီး)ကအဲ့စစ်ပွဲထဲကမတွေ့တော့ဘူးဆိုတော့ တခုခုဖြစ်သွားတာကျိန်းသေတယ် အဲ့‌တော့ သူတို့မြွေနတ်ဘုရားမျိုးနွယ်ထဲကတစ်ယောက်ယောက်ကိုစည်းရုံးပြီး အကာအကွယ်စည်းဖွင့်ခိုင်းမယ်ထင်တယ် မင်းသမီးရောဘယ်လိုထင်လဲ"

မော့ဟွားက သူမကိုမင်းသမီးဟုခေါ်လိုက်တာကိုကြားလိုက်တော့ မျက်ခုံးပင့်ကြည့်လိုက်ပေမဲ့ဘာမှမပြော
သူမကမုတန်းကိစ္စကိုပဲအတွေးရောက်နေကာ တခုခုကိုအပြင်းအထန်တွေးနေပုံရသည် ပါးစပ်နဲ့လက်သည်းကိုကိုက်နေကာ လက်တဖက်ကိုပိုက်ထားပြီး အလေးအနက်တွေးနေပုံလေးက
သူကျွမ်းဝင်ခဲ့ဖူးတဲ့သူတပည့်မလေးရဲ့စရိုက်ဖြစ်တာမို့ သူကြည့်ကောင်းကောင်းနဲ့ကြည့်နေမိသည် စိတ်ထဲမှာ‌တော့ လွမ်းဆွေးခြင်းတွေအပြည့်နဲ့သူမရဲ့အပြစ်ကင်းစွာရယ်မောတတ်ပုံလေးကိုသတိရနေမိသည်
တကယ်လို့များသာ အခုသူ့ရှေ့မှာရှိတဲ့ မော့ဟွားကိုသာ အခုဖြစ်နေတဲ့ပုံလေးသွားပြောကြည့်ပါလား သူ့ပုံရိပ်ပျက်စီးပါပြီဆိုပြီး သူတော့ရိုက်သတ်ခံရမှာအသေအချာပဲ

တကယ်တော့ မော့ဟွားက မြွေနတ်နဂါးမျိုးနွယ်ရဲ့ဆက်ခံသူမင်းသမီးကြီးဖြစ်သည် ထို့ကြောင့် သူမရဲ့စရိုက် အရည်အသွေး ဉာဏ်ပညာ အားလုံးက သင်ကြားခံထားရတာမို့ အထူးထက်မြက်၏ သူမကမြင့်မြတ်ထည်ဝါပြီး သွေးအေးရက်စက်တတ်သောသူဖြစ်ခဲ့၏  အရေးကြီးငယ်ကိစ္စတို့ကိုလဲကိုင်တွယ်ရသူမို့ သူမမျက်နှာပေါ်တါင်အပြုံးမရှိသလောက်နည်းသည် သူမအမေနဲ့အဖေကိုတွေ့မှသာ သူမပြုံးသည်ကိုတွေ့ကြရ၏ သို့သော်လည်း သူမကိုပြုံးအောင်လုပ်နိုင်တဲ့မိဘနှစ်ပါးလုံးဆုံးရှုံးသွားခဲ့ရပြီး သူကိုယ်တိုင်လဲအကာအကွယ်စည်းထဲသို့စတေးလိုက်ရသောအခါ သူတို့အားလုံးယူကြုံးမရဖြစ်ခဲ့ကြရ၏

နောက်ထပ်ခန္ဒာအသစ်စိတ်အသစ်နဲ့ပြန်မွေးဖွားလာတော့ သူတို့အားလုံး တခုစိတ်အေးရသလို တခုစိတ်ပူရပြန်သည် အခုတော့ အကာအကွယ်စည်းကတကယ်ကိုအားနည်းနေပြီ

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now