60.သုံးလောကစစ်ပွဲ

896 61 2
                                    

60 .သုံးလောကရဲ့စစ်ပွဲ

မော့ဟွား စိတ်ညစ်သွား၏ အခုတော့ လီဝမ်ကိုရဖို့ပိုခက်သွားချေပြီ အောက်ဘုံထိသွားရတော့မယ် အရမ်းကိုအန္တရာယ်များတာပဲ

မော့ဟွားက သွေးထွက်နေသော ဒဏ်ရာကိုလျစ်လျူရှု့ကာ ရီလျိုချင်းကိုကြည့်ကာပြောလိုက်၏

"ရီကော ဒီမှာတင် ငါတို့ဇတ်လမ်းပြတ်ပြီ "
"မဟုတ်ဘူး ဟွားဟွား ....ကောနဲ့လိုက်ခဲ့ ကောနဲ့လိုက်ခဲ့ပါ မင်းကိုကောင်းကောင်းထားနိုင်တယ် လီဝမ်ကိုမေ့လိုက် သူ သူက မကောင်းတဲ့ကောင် ပြီးတော့ ပြီးတော့သူအခုမုယုံဖြစ်သွားပြီလေ မင်းရဲ့ဘေးကိုပြန်လာနိုင်တော့မှာမဟုတ်ဘူး "

ရီလျိုချင်းက မော့ဟွားရှေ့ဒူးထောက်ကာ မျက်ရည်များကျလျက်ကြေကွဲစွာဆို၏ သို့သော်မော့ဟွားကတော့ အားနာခြင်းအလျင်းမရှိပါလေ ဒီကိစ္စမှာရီလျိုချင်းကသူလျိုလိုဖြစ်နေတာမို့ သူမအရေးမယူတာ‌ေတာင် တော်တော်ကံကောင်းလှပြီလေ

ထို့ကြောင့်သူမကအရှင်းဆုံးပြောလိုက်၏

"ပြန်မလာနိုင်ရင်တောင် ရီကောကိုတော့မ‌ရွှေးဘူး ပြီးတော့ ရီကောကိုလဲဘယ်တော့မှပြန်ချစ်လာမှာမဟုတ်ဘူး
ကျွန်မရဲ့အချစ်ကိုရဖို့ ဘယ်တော့မှအိမ်မက်မက်မနေနဲ့"

ထိုသို‌့ပြောလိုက်ပြီး မော့ဟွားက ရှောင်လော့ဝေကိုတချက်ကြည့်ကာ နတ်သမိုင်းဂိုဏ်းထဲသို့ပြန်လာလိုက်၏
သူမနောက်မှာဘာတွေဖြစ်နေလဲမတွေးတော့ အရေးကြီးတာက လီဝမ်ကိုကယ်ဖို့ပင်

မော့ဟွားက ကူးချုံးရှေ့တွင်ဒဏ်ရာကြီးနှင့်ပေါ်လာသောကြောင့်  ကူးချုံးဘုရားတမိသွားသည် သို့သော် သူမရဲ့နာကျင်နေပုံကိုကြည့်ပြီး ထိတ်လန့်သွားလေသည်

"ဘာဖြစ်လာတာလဲ "

မော့ဟွားကအသေးစိတ်ရှင်းပြလိုက်၏

"ဒါဆို ဒီဒဏ်ရာက ငရဲမီးလျံဓားနဲ့ထိုးတာခံလာရတာပေါ့ "
"အင်း ဖြေဆေးယူလာပေးပါဦး "

ကူချုံးကသက်ပြင်းချကာ မော့ဟွားရှေ့မှပျောက်ကွယ်သွားပြီး ဆေးကုသခန်းမမှ ဖြေဆေးယူလာပေး၏ ထို့နောက်  မော့ဟွားထံသို့အဝတ်တစကိုပေးပြီး သူကမူ မော့ဟွားရဲ့ပြဲနေသောဝတ်ရုံစကိုဆွဲဟလိုက်၏ ဖြူနုနေသောကျောပြင်တွင် ခပ်နက်နက်ဓားထိုးရာတခုကိုမြင်လိုက်ရတော့ ကူးချုံးဒေါသပုန်ထသွား၏ ပြီးတော့လဲ ငရဲမီးလျံနဲ့တဲ့

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now