70.နတ်ဘုရားမိုးကြိုးနှစ်ဆယ့်ငါးချက်

853 55 0
                                    

70.နတ်ဘုရားမိုးကြိုးနှစ်ဆယ့်ငါးချက်

"ဟေ့ ဟေ့ ဒီနေ့အရှင်မရဲ့ကြင်ယာတော်နတ်ဘုရားလီဝမ်က နတ်ဘုရားမိုးကြိုးနှစ်ဆယ့်ငါးချက်ကိုခံယူပြီး ကောင်းကင်တိုင်းပြည်မှာတာဝန်ထမ်းဆောင်တော့မှာဆို "
"ဟုတ်တယ် ဟုတ်တယ် နတ်ဘုရားတပိုင်းအဆင့်ဖြစ်ဖို့ဆယ့်ငါးနှစ်ပဲအချိန်ယူခဲ့ရတာတဲ့ "
"အေးလေ အရမ်းမြန်တာပဲ ငါတော့အားကျနေပြီဟယ်"
"ခုနတ်ဘုရားအစစ်ဖြစ်တော့မှာဆိုတော့ အရှင်မနဲ့ခွဲရတော့မှာပေါ့"
"ဟဲ့ ခွဲစရာလား ငါ့အရှင်မကဘယ်သူမို့လ်ို့လဲ မြွေနတ်ဘုရားမျိုးနွယ်စုခေါင်းဆောင်လေ ဘယ်အချိန်မဆိုကောင်းကင်တိုင်းပြည်ကိုကြိုက်သလိုဝင်ထွက်လို့ရတယ် နင်နဲ့နင့်ချစ်သူခွဲ‌ေနရတိုင်း သူများအတွဲ‌ေတွကိုပါလိုက်ခွဲမနေနဲ့"
"ဟဲ့ နင်နော် "
"ဘာလဲ ငါအမှန်ပြောတာပဲ"
"ကဲကဲ တော်ကြတော့ နင်တို့နှစ်ကောင်ခွပ်မနေတော့နဲ့ လာ လာ ငါတို့အလှည့်ရောက်ပြီ"

ဒီနေ့နတ်သမိုင်းဂိုဏ်းတွင်နတ်ဘုရားမိုးကြိုးနှစ်ဆယ့်ငါးချက်ကိုခံယူပြီးနတ်ဘုရားအစစ်အမှန်ဖြစ်လာတော့မည့်လီဝမ်ကိုဂုဏ်ပြုပွဲလုပ်နေကြခြင်းဖြစ်သည်

လီဝမ်ကခရမ်းရောင်ဝတ်ရုံကိုဝတ်ထားပြီး အသားညိုစိမ့်စိမ့်တွင်ခရမ်းရောင်တင်ထားသော်လည်း ရုပ်ဆိုးမသွားပဲ ပိုမိုချောမောခန့်ညားသွားသေးသည်
မော့ဟွားကတော့ခရမ်းဖျော့ဖျော့လေးကိုဆင်မြန်းထားပြီး ‌ေငွ‌ေရာင်ဆံနွယ်များနှင့်နတ်ဘုရားအရှိန်အဝါများကိုထုတ်လွတ်ထားပြီး ယောကျာ်းများအားလုံးကိုဆွဲဆောင်နိုင်စွမ်းရှိ၏ သို့သော်လည်း သူမကလီဝမ်ကလွဲပြီးဘယ်သူ့ကိုမှမျက်စိထဲထည့်မထားလေရာ နတ်ဘုရားများအားလုံးရင်ထုမနာဖြစ်ကြရလေသည်

နတ်သမိုင်းခန်းမတွင်မြွေနတ်ဘုရားမှအကြီးအကဲများ ကောင်းကင်တိုင်းပြည်မှအကြီးအကဲများနှင့်စုံညီလျက်ရှိကြပြီး နတ်သမိုင်းဂိုဏ်းသူလေးများက ဖျော်ဖြေကပြလျက်ရှိ‌နေသည်

လီကတော့ အမြင့်ဆုံးနေရာတွင်ထိုင်နေပြီး မော့ဟွားကိုတချက်တချက်လှမ်းကြည့်ကာ ပြုံးပြတတ်သည်
ရှောင်ပိုင်ကတော့ ချောင်တနေရာတွင်အရက်များကိုအမူးအပြဲသောက်နေပြီးပါးစပ်မှလဲပေါက်တတ်ကရများကိုလျောက်ပြောနေသေးသည်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now