38.zgi

859 44 0
                                    

ကြုံခဲလှသည့်ဖူးစာ

38.သူမရဲ့ကြီးမြတ်မူ့

"ကျောက်တုံးတွေလာပြီ သူတို့ရဲ့ကျောက်တုံးပစ်တဲ့လက်နက်ကိုသွားဖျက်ဆီးကြ "
"ယေးးးးးးးးးးးးဝူးးးးးးးးးးး"

စစ်သူကြီးတွေကအော်လိုက်တာနဲ့ငါးနိုင်ငံကစစ်သည်တွေအားလုံးသံပြိုင်‌အော်လိုက်ကြပြီးကျောက်တုံးပစ်တဲ့လက်နက်တွေဆီကိုရွှေ့လျားသွားကြတယ် သေချင်သေပါစေဆိုတဲ့စိတ်နဲ့ရှေ့ကိုတိုးသွားလိုက်ကြတာ အရမ်းကိုရဲစွမ်းသတ္တိရှိကြတယ် ဒါဟာငါးနိုင်ငံစစ်သည်တွေရဲ့ပေါင်းစည်းခြင်းရလာဒ်ပေါ့ သူတို့အားလုံးအလုံးအရင်းလိုက်ချီတက်သွားကြပေမဲ့ အစုလိုက်အပြုံလိုက်ကိုသတ်ဖြတ်ခံကြရတယ် ဂျူးလူမျိုးတွေကလဲသူတို့ရဲ့လက်နက်တွေကိုဘယ်ဖျက်ဆီးတာခံကြပါ့မလဲ အဲ့ဒီတော့နှစ်ဖက်စလုံးပိုမိုကြမ်းတမ်းလာခဲ့ကြပြီး နှစ်ဖက်စလုံးအသေအပျောက်များလာခဲ့တယ် ဂျူးလူမျိုးတွေထက်သာနေတာတခုက တရုတ်လူမျိုးတွေဟာအရေအတွက်များတာပဲ ဘယ်လောက်ပဲအသေအ‌ပျောက်များတယ်ဆိုဆို သူတို့မရှုံးကြသေးလို့မျော်လင့်ချက်တော့ရှိကြသေးတယ်လေ သူတို့ရဲ့ညီနောင်တွေကိုဆုံးရှုံးရလို့ သူတို့ရင်တွေအဆမတန်နာကျင်ရပေမဲ့
ဒီစစ်ပွဲကိုသူတို့ရှုံးလို့လုံးဝမဖြစ်ဘူး သူတို့သာရှုံးနိမ့်သွားခဲ့ရင် သူတို့မိသားစုတွေအားလုံးကျွန်ဖြစ်ကြမှာဆိုတဲ့အတွေးက သူတို့ရင်ထဲမှာရှိကြလို့ အကောင်းဆုံးကြိုးစားတိုက်ခိုက်နေရခြင်းပါ

"ပုံဖော်မယ် နဂါးပုံ...စ"

ပိုင်တိုင်းပြည်ကစစ်ပွဲကိုအထူးပုံစံစလိုက်တာနဲ့ ကျန်နိုင်ငံတွေအားလုံးကလဲ စတင်လာကြတော့တယ်  နဂါး -ဖီးနစ်-ကျားဖြူ-ခြင်္သေ့နဲ့မြွေ ပုံစံကိုတိုင်းပြည်အသီးသီးက ပုံဖော်လိုက်ကြပြီး တလကြမ်းတိုက်ကြတော့တယ် တိုက်ခိုက်ရေးပုံစံရဲ့အ‌ရေးကြီးတဲ့အစိတ်အပိုင်း‌နေရာတခုစီမှာအိမ်ရှေ့စံတယောက်စီပါကြပြီး
စစ်သူကြီးတွေကတော့အရေးပါတဲ့ရှေ့တန်းမှာဖြစ်ကြတယ် ဘုရင်တွေကတော့တိုက်ခိုက်ရေးပုံစံရဲ့အလယ်ထဲမှာဖြစ်ပြီးအကာအကွယ်အပြည့်အစုံနဲ့ဖြစ်ကြတယ် သူတို့အားလုံးထိခိုက်မူ့သိပ်မရှိကြဘူး ဘာဖြစ်လို့လဲဆိုတော့ သူ့တို့ရဲ့စစ်သည်တွေကအသက်နဲ့ရင်းပြီးကာကွယ်သွားခဲ့ကြလို့ပါ

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniDonde viven las historias. Descúbrelo ahora