29.သူခိုး zgi

1.7K 87 2
                                    

29.သူခိုး

‌သူ့ကိုသိပါတယ် ဘယ်သူပါလိမ့် သူက??မြင်ဖူးနေသလိုလို ဒါပေမဲ့ သေသေချာချာမမှတ်မိဘူးဖြစ်နေတယ် အား ဒီခေါင်းကတော့ သုံးစားလို့မရတော့ဘူး ဟူး တော်ပြီမတွေးတော့ဘူး

မော့ဟွားကစိတ်ထဲမထားပဲခေါင်းထဲကထုတ်လိုက်၏
ရှောင်ပိုင်ကတော့ မော့ဟွားမှတ်မိတယ်အထင်နှင့် ဘာမှမပြော မော့ဟွားပေါင်ပေါ်တွင်အိပ်နေသည် (ကာလနဂါးနဲ့များစပ်မွေးထားတာလားနင်က)

အဲ့ဒီလူကလဲမော့ဟွားကိုမြင်သွား၏ မျက်နှာပျက်သွားကာ ခေါင်းငုံသွားပြီးသူတကိုယ်လုံးတုန်ယင်နေသည် သူ့သာအားရှိရင်ထွက်ပြေးလိုက်ပြီ သူကြောက်ပြီးပုန်းအောင်းနေခဲ့ပေမဲ့ ခုတော့တွေ့သွားပြီ သူမကိုသိပ်မမြင်ရတော့ဘူးမှတ်နေတာ  သူမကဒီရောက်နေတာကိုး သူမဘာကြောင့် ဒီရောက်နေတာလဲ ငါ့ကိုလာဖမ်းတာလား မဖြစ်နိုင်လိုက်တာ တကယ်ကြီးဖမ်းမယ်ဆို အစောကြီးထဲကဖမ်းလောက်ပြီ ဖြစ်နိုင်တာက ငါ့ကိုမသိတာလား မသိတာတော့မဖြစ်နိုင်ဘူး မမှတ်မိတာဖြစ်မယ်

နောက်ဆုံးတော့သူစိတ်သက်သာသွား၏ သက်ပြင်းကိုခိုးချကာ တိတ်တိတ်ကလေး ဖြစ်နိုင်သမျှကွယ်ပျောက်သွားချင်မိ၏ ငါသွားမရှုပ်သင့်တဲ့သူကိုသွားရှုပ်လိုက်တာ သေတော့မလိုတဲတဲလေးပဲလိုတော့တာ အမလေး အဲ့နေ့ကအဖြစ်အပျက်ကိုတွေးကြည့်ရင် ငါခုထိကျောချမ်းနေတုန်းပဲ သူမကလှသလောက်အရမ်းကြောက်ဖို့ကောင်းတာပဲ အိုင်းရား အရမ်းကိုကြောက်ဖို့ကောင်းတယ် မဟုတ်မှလွဲရော သူမ မသိယောင်ဆောင်နေတာလားမသိဘူး ဒါဆိုရင်တော့ ငါတော့သေပြီ

ပိုင်ယီက မော့ဟွားကိုတချက်ချောင်းကြည့်လိုက်သည် ပြီးမှပိုင်ဘုရင်ဘက်လှည့်ကာ

"ခမည်းတော် သားတော်လုံတီးမြို့တော်ဝန်ကိုဖမ်းခေါ်လာပါပြီ "

ဘုရင်နှစ်ပါး၏ အကြည့်တို့က ထိုသူအပေါ်ကျရောက်သွား၏ သို့သော် သူမကြောက်ပေ သူမကလွဲ၍ပေါ့

လီဘုရင်။"နာမည်ပြော"
ထိုလူ။"နန်ရှီပါ အရှင်မင်းကြီး"
ပိုင်ဘုရင်။"စွမ်းအင်ကျောက်ကြောကိုဘယ်လိုရှာတွေ့တာလဲ"
နန်ရှီ။"ကံကောင်းပြီးတော့တွေ့တာပါ"

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now