4.စုံစည်းခြင်း စုံစည်းခြင်း

4K 308 2
                                    

စားသောက်ဆိုင်ကြီးထဲဝယ်...

"ဟွားကောကော....ချင်းအာတို့နဲ့အတူလာစားပါလား.."
"မေ့မေ့စိတ်မရှိရင်..အတူထိုင်ကြတာပေါ့.."

ထိုအချိန်...လောပန်မှစားဖွယ်များလာချပေးသဖြင့်..မော့ဟွား..ကရှောင်ပိုင်ကိုခေါ်ထုတ်လိုက်သည်..

"ရှောင်ပိုင်...ရှောင်ပိုင်...အပျင်းလေးထတော့..အစာစားဖို့အချိန်ရောက်ပြီ..."

ရှောင်ပိုင်မှာမော့ဟွားနဲ့အမြဲအတူရှိနေတတ်သော်လည်း....နေရာစုံကိုသွားရောက်အိပ်တတ်သည်ဖြစ်ရာ..အစာစားချိန်မှန်အောင်တော့ခေါ်ရပါသေး၏...သို့သော်..ဘယ်နေရာမာအိပ်အိပ်..မော့ဟွားခေါ်သံကိုကြားရမြဖြစ်ရာ...အပြေးလေးရောက်လာတတ်မြဲ...

"အို..ဟွားကောကောမှာ.ခွေးရှိတာလား..အရမ်းချစ်ဖို့ကောင်းတာပဲ....လာ..လာ...ဒီကိုလာ.."

ရှောင်ပိုင်ကအသိအမှတ်ပြုသလို..ချင်းအာအနားသွားကာ..ခေါင်းဖြင့်ပွတ်လျက်..ဒါ..အကောက်ကြံသူမဟုတ်ဘူး..ဆိုတာကိုပြသတာပင်...စိတ်တွင်းမှလဲ...
ဟွားဟွား..သူ့အနံလေးကမွှေးနေတာပဲ..စိတ်ကောင်းရှိတဲ့အနံ့ပဲ..ငါဒီအနံကိုကြိုက်တယ်...အား..မွှေးလိုက်တာ....
မော့ဟွားမှာမူ..နှာခေါင်းရှုံ့လိုက်ပြီးဘာမှမပြော...မပြောဆိုလဲ..သူခွေးစကားနားလည်တယ်လို့ကြေငြာရအောင်အရူးမှမဟုတ်တာ...ပြီးတော့..ရှောင်ပိုင်ကလူလည်...အဲ..ခွေးလည်စစ်စစ်...

စားသောက်ပြီးနောက်..မော့ဟွားဦးဆောင်ကာ..လျိုအိမ်သို့လမ်းလျောက်ကာလာခဲ့သည်... ထို့ကြောင့်ချင်းအာက..သူ့လှည်းကိုအိမ်ပြန်စေကာ...မော့ဟွားတို့်နှင့်အတူလာခဲ့ပါ၏..

"ဟေ့..ခွေးကောင်..မပြေးနဲ့...ပြန်လာခဲ့စမ်း"

ထိုအသံနှင့်အတူ..မော့ဟွားရှေ့မှပြေးလာနေသော..ကောင်လေးတယောက်နှင့်..သူ့နောက်ကပြေးလိုက်နေသော..လူဝကြီးတယောက်...အာရုံခံကြည့်တော့...အထင်လွဲမှားခြင်းသက်သက်ဖြင့်...အန္တရာယ် ဖြစ်ရကြောင်းတွေ့ရသဖြင့်...

အော်..လူတွေများ..ခက်လိုက်ကြတာ..အချင်းချင်းမကူညီကြတဲ့အပြင်...တွန်းထိုးဖို့ဆိုအဆင်သင့်ပါလား...

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now