69.မို့လျန်ချန်ရဲ့အကျဉ်းသားများ

855 61 0
                                    

69.‌မို့လျန်ချန်ရဲ့အကျဉ်းသားများ

အဲ့နေ့က မုတန်းနှင့်မော့ဟွား ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြပြီး နေရာတကာမှာလဲ ပျက်ဆီးနေသောမြင်ကွင်းများသာရှ်ိနေသည်

မုတန်းရဲ့အသူရာဓားနဲ့ မော့ဟွားရဲ့စစ်လက်နက်က‌ေကာင်းကင်မှာအကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီးနောက်
မုတန်းကအသာစီးပြန်ရသွားခဲ့သည်
မုတန်းကဓားထဲမှာမြုတ်နှံထားတဲ့သူရဲ့အသိစိတ်အချို့ကိုထုတ်ဖော်ခဲ့ပြီး မော့ဟွားကိုမီးကုန်ယမ်းကုန်ရူးရူးမူးမူးတိုက်ခိုက်ခဲ့သောကြောင့် မော့ဟွားသွေးများအန်ထုတ်ကာရှုံးနိမ့်လုနီးနီး အခြေအနေကိုကြုံတွေ့ခဲ့ရလေသည်

ကူးချုံးနဲ့တပည့်တွေကလဲမကူနိုင်ခဲ့ လီဝမ်နဲ့ရှောင်ပိုင်ကလဲဘာမှမတတ်နိုင်တော့သောအခြေအနေတွင် ပိုင်ယီ မို့လျန်ချန် ရှောင်လော့ဝေတို့ရောက်လာခဲ့ကြပြီး မုတန်းနှင့်ရင်ဆိုင်ခဲ့‌ေပးခဲ့ကြသည် ဒါပေမဲ့မုတန်းကိုမော့ဟွားတယောက်ပဲယှဉ်တိုက်နိုင်စွမ်းရှိတာလေ ပိုင်ယီတို့တွေက ဘယ်လိုတတ်စွမ်းနိုင်ပါ့မလဲ နောက်တော့ မုတန်းရဲ့အသူရာဓားတချက်ရမ်းလိုက်တာနဲ့တင် ပိုင်ယီတို့အုပ်စု သေဆုံးလုမတတ်နာကျင်ခဲ့ကြရလေသည်

ထို့ကြောင့်မော့ဟွားက အသူရာဓားကိုပြန်လည်ရင်ဆိုင်လိုက်ပြီး ပိုင်ယီတို့ကိုပြန်လည်ကာကွယ်ပေးခဲ့ရ၏ ဘယ်သူထင်မလဲ မုတန်းရဲ့အဆုံးသတ်ဓားချက်ကိုမို့လျန်ချန်ဆိုတဲ့ကောင်ကလေးတယောက်က ဝင်ခံပေးကာ အသက်ထွက်သွားခဲ့သည်

မော့ဟွားရဲ့ရင်ခွင်ထဲမှာသူရဲ့နောက်ဆုံးထွက်သက်ကိုရှူရှိုက်ရင်း ‌သေဆုံးသွားခဲ့သည်

"ဟွားဟွား ကိုယ် အချစ်ဆိုတာ ဘာလဲမသိဘူး ဟွားဟွားကိုတော့ မြင်မြင်ချင်းထဲကရင်ခုန်မိတာပါ အဲ့တာကအချစ်ဆိုတာလား ကိုယ်မတွေးတတ်ဘူး ဒါပေမဲ့ အဲ့တာကိုအချစ်လို့မှတ်ယူလို့ရမယ်ဆိုရင် ကိုယ်ဟွားဟွားကိုချစ်တယ်လို့ပြောလို့ရတယ်မလားဟင် ဟွားဟွားကိုချစ်မိတာ အပြစ်ဆိုရင်လဲကိုယ်ခံယူပါမယ် အရေးကြီးတာက ဟွားဟွားနားနေချင်ရုံလေးပါ ခုတော့ ဟွားဟွားနားနေလို့မရတော့ဘူး ကိုယ်အရင်သွားနှင့်ရတော့မယ် ဟွားဟွား နောက်ဘဝဆိုတာရှိခဲ့ရင်လေ ကိုယ်ကမင်းရဲ့အချစ်ကိုရတဲ့သူပဲဖြစ်ချင်ပါတယ် မင်းကိုဘယ်နေရာရောက်ရောက် ကိုယ်စောင့်နေပါ့မယ် "

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now