74.အချစ်ဆိုတာဆန်းကြယ်တယ်

1.3K 62 0
                                    

74.အချစ်ဆိုတာဆန်းကြယ်တယ်16+

ဧည့်သည်အားလုံးပြန်သွားကြပြီဆိုပေမဲ့ လီဝမ်ကတော့မော့ဟွားခါးကိုဖက်ထားတုန်းပဲဖြစ်သည် မော့ဟွားလဲစိတ်အနှောင့်အယှက်ဖြစ်ပုံမရ သူမကြည့်ရတာ လီဝမ်ဘာလိုချင်လိုချင်အစွမ်းကုန်လိုက်လျောပေးဖို့အသင့်ရှိနေပုံရသည်

နတ်သမိုင်းခန်းမထဲမှာ နတ်သမိုင်းဂိုဏ်းသူဂိုဏ်းသားများသာကျန်ခဲ့‌လေသည် ပိုင်ယီနဲ့ရှောင်လော့ဝေကမော့ဟွားရှေ့ကိုပျံသန်းလာခဲ့ကြကာ သူတို့တိုင်းပြည်များကိုပြန်တော့မည်ဖြစ်ကြောင်းနှုတ်ဆက်ကြသည်

ပိုင်ယီကစိတ်မကောင်းဖြစ်နေသောမျက်နှာဖြင့်

"ဟွားဟွား ကိုယ်ပြန်တော့မယ် နတ်သမိုင်းဂိုဏ်းမှာနေတာလဲကြာပြီလေ နတ်ဘုရားတပိုင်းအဆင့်ကိုရောက်ဖို့သွားကျင့်ကြံတော့မယ် နောက်ဘယ်တော့မှပြန်တွေ့ကြရမလဲမသိဘူး ဒီမှာတခါထဲနှုတ်ဆက်ခဲ့တယ်
ဒါနဲ့ ဒီစကားက‌မပြောသင့်ဘူးဆိုတာသိပေမဲ့လဲ ပြော‌ချင်နေသေးတယ်"

ပိုင်ယီကခနရပ်လိုက်ပြီး မော့ဟွားနောက်မှာရှိတဲ့လီဝမ်ကိုအကဲခတ်လိုက်၏ ပြီးနောက် သက်ပြင်းချကာ

"ဟွားဟွားကိုကိုယ်ချစ်နေတယ်ဆိုတာ ဟွားဟွားလဲသိနေမယ်လို့ယုံတယ် ကိုယ့်အချစ်က မင်းအပေါ်ကိုမသက်ရောက်ပေမဲ့လဲ များပြားလွန်းပေမဲ့ လက်ခံမဲ့သူမရှိတော့ လေထဲမှာတင်ပျောက်ပျက်သွားရတော့မယ် ကိုယ်ကပေးဆပ်မဲ့သူပါ ဟွားဟွားပျော်နေရင်ကျေနပ်နေတဲ့သူပါ ဒါပေမဲ့ ဟွားဟွားချစ်တဲ့သူကကိုယ်မဟုတ်တာတော့ ကိုယ်အရမ်းကြေကွဲရတယ် ကိုယ်အနိုင်မလိုချင်ပါဘူး အနိုင်လဲမယူဘူး အဲ့တော့ မင်းမလိုချင်တဲ့အဲ့ဒီအချစ်တွေကိုရင်ထဲမှာသိမ်းထားရင်း တသက်လုံးချစ်သွားမှာ နောက်အချိန်တွေကြာလာလို့ဟွားဟွားကိုယ့်ကို လိုအပ်လာတဲ့အခါ နာမည်ကိုသာခေါ်လိုက်ပါ ကိုယ်အရာအားလုံးကိုစွန့်လွတ်ပြီးအရောက်လာခဲ့ပါမယ်"

မော့ဟွားက ပိုင်ယီလက်ကိုဆုပ်ကိုင်လိုက်ကာ

"ပိုင်ကော ပိုင်ကောရဲ့နှလုံးသားကကြီးမားပါတယ် မေ့မေ့နဲ့မတန်ပါဘူး တချိန်ကျရင် ပိုင်ကောလိုမျိုးနှလုံးသားလှတဲ့သူ အချစ်ကြီးမားတဲ့သူကိုတွေ့ခဲ့ရင် လက်ကိုမလွှတ်တမ်းဆွဲထားပါနော်
မေ့မေ့ကိုတော့ အမြန်ဆုံးမေ့လိုက်ပါ နှလုံးသားမှာဒဏ်ရာတွေနဲ့လူတယောက်က ဘယ်ပျော်နိုင်ပါ့မလဲ အဲ့လိုနာကျင်နေရင်ဘေးနားကကိုယ့်ရဲ့အချစ်ကိုလက်လွှတ်မိတတ်တယ် မေ့မေ့သိပါတယ် ပိုင်ကောကစိတ်ဓာတ်ခိုင်မာတယ် ဒါကြောင့် နတ်ဘုရားအဖြစ်လဲအမြန်ဆုံးတက်လှမ်းနိုင်မှာပါ "
မော့ဟွားကလက်တချက်ဝေ့ရမ်းကာ သလင်းကျောက်ကလေးကိုပိုင်ယီထံပေးလိုက်၏ ပိုင်ယီက သလင်းကျောက်လေးကိုကြည့်ပြီး ‌ကြောင်တောင်တောင်ဖြစ်သွား၏

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now