46.zgi

1.1K 46 2
                                    

ကြုံခဲလှသည့်ဖူးစာ

46.လီဝမ်ရဲ့တကိုယ်တော်ခရီး 1

ဟိုးအနောက်ဖက်ယွန်းယွန်းကောင်းကင်ပြာပြာပေါ်တွင် အကောင်တကောင်သည်လူတယောက်ကိုသယ်ဆောင်ကာပျံသန်းခရီးဆက်လျက်ရှိ၏ ထိုအကောင်သည် အဖြူ အနီနှင့်အဝါစပ်ထားသောကျားဖြစ်ပြီး
တောင်ပံနှစ်ခုဖြင့်ပျံသန်းနိုင်ကာ မျက်လုံးများကတော့အနီရောင်ဖြစ်သည် သူကနာခံစွာဖြင့်တည်တည်ငြိမ်ငြိမ်ပျံသန်းနေကာ သူ့အပေါ်တွင်တော့ သခင်ဖြစ်ဟန်တူသည်အမျိုးကောင်းသားလေးတယောက်ပါရှိလေသည်
ထိုသူကအသားအရေအနဲငယ်ညိုစိုစိုလေးဖြစ်ပြီး ဆံပင်တဝက်ကိုဖြန့်ချထားကာ ရိုးရိုးရှင်းရှင်းသာဝတ်ဆင်ထားသည် သို့သော် ၎င်းအဝတ်အစားများက သူ၏ချောမောမူ့ကိုမကာကွယ်နိုင်ပေ သူ၏မျက်ခုံးများမှာ ထူထဲကာ သူ၏မျက်ဝန်းများကတော့ဆွဲဆောင်နိုင်စွမ်းအပြည့်နှင့်ဖြစ်သည် သူ့နှုတ်ခမ်းများစေ့ထားသော်လည်း မေးနှစ်ခွဖြစ်နေသောပုံစံလေးကိုကပိုလို့ပင်ချောမောစေသည်
တခါတရံသူ့မျက်ဝန်းများထဲတွင် စိုးရိမ်မူ့ရှုပ်ထွေးမူ့တို့ကိုအတိုင်းသားမြင်ရသော်လည်း တခါတရံပြတ်သားမူ့နှင့်ရဲရင့်တည်ကြည်မူ့တို့ကိုမြင်နိုင်သည်
သူကား လီဝမ်ဖြစ်သည်

လီဝမ်ကသူမော့ဟွားအကြောင်းတွေးတာကိုရပ်ထားလိုက်၏ ထို့နောက်‌မှော်ဝင်သွေးတောင်ပံကျားကိုအသာအယာပွတ်သပ်လိုက်ပြီး

"သူငယ်ချင်း မင်းနဲနဲမြန်ပေးလို့ရမလား ငါအရမ်းအလျင်လိုနေလို့ပါကွာ"

သူအဲ့လိုပြောလိုက်တာနဲ့ မှော်ဝင်သွေးတောင်ပံကျားကနားလည်စွာဟိန်းဟောက်လိုက်ပြီးအရှိန်ကိုပိုမြန်လိုက်၏ လီဝမ်ကပြုံးလိုက်ပြီး ပြောလိုက်၏

"ကျေးဇူးပါသူငယ်ချင်း"

ထို့နောက်သူတို့ခရီးကိုခပ်မြန်မြန်ပင်ပျံသန်းသွား၏ ဆယ်ရက်ကျော်လာပြီဖြစ်ပေမဲ့သူတို့လိုရာကိုမရောက်သေး ‌
မော့ဟွားရဲ့ရှစ်စွမ်းက ခရီးသွားအစီအရင်နဲ့ပို့ဆောင်ပေးချင်ပေမဲ့ လီဝမ်ကသာမာန်‌သေမျိုးကျင့်ကြံသူမို့ တကယ်လို့သာ အစီအရင်နဲ့ခရီးသွားလိုက်ရင် ရူးသွားတာ ကျင့်ကြံပျက်စီးသွားတာတွေဖြစ်တတ်တဲ့အပြင် အခန့်မသင့်ရင်သေပါသေတတ်တာမို့ သူတို့ယခုလိုသွားနေရခြင်းပင်  လမ်းခရီးမှာ မော့ဟွားရဲ့ရှစ်စွမ်းပေးလိုက်တဲ့အစီအရင်ကြောင့်ကောင်းကင်ကိုဆန်တက်နေပေမဲ့ လီဝမ်ဘာမှမထိခိုက်ခဲ့ သူအေးဆေးသက်သာစွာလိုက်ပါလာနိုင်သည် ဘေးတွင်လေတိုးသံများတဝှီးဝှိးကြားနေရသည်များ‌ကြောင့် လီဝမ်မှာရံဖန်ရံခါ ‌ကြက်သီးပင်ထသွားတတ်၏ ဒါပေမဲ့တခါတရံလှပလွန်းသောမြင်ကွင်းမျိုးမြင်ရပြန်လျင်လဲသူ့မှာရင်သပ်ရှူ့မောရပြန်သည် သို့သော်မကြာခင်ပင်သူအတွေးထဲပြန်ဝင်သွားတတ်သည် မော့ဟွားကိုသတိရနေခြင်းဆိုသည်ကား မည်သူကသိပါမည်နည်း

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now