56.zgi

880 38 0
                                    

ကြုံခဲလှသည့်ဖူးစာ

56. မြွေနတ်ဘုရားမျိုးနွယ်ရဲ့မင်းသမီး

"နတ်ဘုရားအဖြစ်ကျင့်ကြံမယ်?"
"ဟုတ်တယ်လေ မြွေနတ်ဘုရားမျိုးနွယ်ကစာကြည့်တိုက်မှာ နတ်ဘုရားအဖြစ်ကျင့်ကြံနည်းတွေအများကြီးပဲ နောက်နေ့ခေါ်သွားပေးမယ်လေ ကြိုက်တာကိုရွေးပြီးကျင့်ကြံလို့ရတယ် တချက်လေးပဲခက်တယ် အဲ့တာကနတ်ဘုရားဖြစ်ဖို့ မိုးကြိုးစမ်းသပ်ချက်ကိုခံယူရတယ် မိုးကြိုးစမ်းသက်ချက်ကိုအောင်သွားပြီဆိုရင် နတ်ဘုရားဖြစ်သွားမှာ "
"အဲ့လောက်တောင်လွယ်တယ်လား"
"ဟင့်အင်း အဲ့လိုထင်ရင်မှားသွားမယ် မိုးကြိုးစမ်းသပ်ချက်က အရေးကြီးတယ်အမှားအယွင်းမခံဘူး လုံလောက်တဲ့ချီစွမ်းအင်နဲ့ချီစွမ်းအင်ဖြည့်ဆေးတွေအများကြီးလိုတယ် အဲ့လိုမဟုတ်ပဲ ချီစွမ်းအင်အလုံအလောက်မရှိခဲ့ရင် ခန္ဒာနဲ့ဝိဉာဉ်နှစ်မျိုးလုံးလောင်ကျွမ်းပြီးပြာဖြစ်သွားမှာ ကဲဘယ်လိုလဲ လွယ်တယ်လို့ထင်သေးလား"
"ဒါဆိုရင် နတ်ဘုရားဖြစ်သွားပြီဆိုရင် ဟွားဟွားနဲ့နီးပြီလား "
"အင်းပေါ့ နတ်ဘုရားဖြစ်ပြီးစနတ်သူငယ်လေးတွေက နတ်ပြည်မှာမျိုးနွယ်ရွှေးပြီး နတ်သူငယ်တွေရဲ့တာဝန်ကိုထမ်းဆောင်ရတယ် အဲ့ဒီကနေတဆင့်မြင့်ပြီး နတ်ဘုရားအစစ်ဖြစ်သွားပြီ ရာထူးလဲရသွားပြီဆိုရင်တော့ ကိုယ့်နန်းဆောင်နဲ့ကိုယ် ကိုယ့်ရာထူးရဲ့တာဝန်ကိုထမ်းဆောင်ရုံပဲ"
"နတ်သူငယ်အဆင့်မှာဘယ်လောက်ကြာတတ်လဲ "

မော့ဟွားက လက်ညိုးတချောင်းကိုထောင်ပြလိုက်၏ လီဝမ်ကထိုလက်ကလေးကိုငေးကြည့်ရင်းနဲ့ဆိုသည်

"တစ်ရာ?"

မော့ဟွားက ခေါင်းခါပြလိုက်၏

"ဒါဆို တစ်ထောင်?"

မော့ဟွားခေါင်းထပ်ခါပြန်သည် ဒီတခါတော့ လီဝမ်မျက်နှာကအလိုမကျဖြစ်လာပုံပင် မျက်နှာကစူပုတ်လာ၏

"ဘာလဲ တစ်သောင်းလား "

မော့ဟွားကပြုံးကာ ခေါင်းညိတ်ပြလိုက်၏ ထိုအခါ လီဝမ်ကမော့ဟွားကိုမျက်နှာမဲ့ပြလိုက်ကာပြောလိုက်သည်

"အဲ့လောက်တောင်ကြာတယ် ပျင်းစရာကြီး"

မော့ဟွားက လီဝမ်ကိုကြည့်ကာသဘောတကျပြုံးလိုက်၏ ပြီးနောက်သူမက လီဝမ်ရဲ့နှာခေါင်းကိုဆွဲညစ်ကာ ပြောလိုက်သည်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now