71.နတ်ဘုရားအဖြစ်တက်လှမ်းခြင်း

867 57 0
                                    

71.နတ်ဘုရားအဖြစ်တက်လှမ်းခြင်း

မိုးကြိုးများကတနေရာထဲသို့အဆက်မပြတ်ပစ်ချနေပြီး နာကျင်စွာအေယ်ဟစ်သံကိုလဲ တချက်တချက်ကြားနေရ‌သေးသည်

ခန်းမထဲမှလူများအားလုံးတနေရာထဲသို့အာရုံစူးစိုက်နေကြကာ မော့ဟွားကတော့စိတ်ပူကာဂနာမငြိမ်ဖြစ်နေပြီးတောင့်တောင့်ကြီးရပ်နေလေသည်

ပိုင်ယီနဲ့ရှောင်လော့ဝေကလဲ ရဲ့ယွင်တို့အုပ်စုနဲ့အတူထိုင်နေကာ သူတို့ငါးယောက်လုံးစိတ်ပူပန်နေသောအမူအရာများနှင့်စင်မြင့်ထက်သို့ခနခနလှမ်းကြည့်နေကြလေသည်

"ဂျိန်း ဂျလိန်း ဂျလိန်း  ဂျိန်း "

"သူဖြတ်ကျော်နိုင်မှာပါ စိတ်အရမ်းမပူနဲ့"
"အင်း ကျိန်းသေပေါက်ကျော်ဖြတ်နိုင်မှာ "

ကူးချုံး မော့ဟွားကိုနှစ်သိမ့်စကားပြောလိုက်သည်

နတ်ဘုရားမိုးကြိုးတွေကတော့ပစ်ချနေဆဲ တချက်တချက် လီဝမ်ရဲ့နာကျင်စွာအော်ဟစ်သံကိုလဲ ကြားနေရသောကြောင့် မော့ဟွားပိုလို့စိတ်ပူလာရသည်

"ဒါဘယ်နှချက်မြောက်လဲ -"
"ဆယ့်ငါးချက်မြောက်ပဲ ဒီကောင်လေးတော်တော်စွမ်းအားကောင်းတယ်ပြောရမယ် သေမျိုးတွေကဒီလိုနတ်ဘုရားမိုးကြိုးနှစ်ဆယ့်ငါးချက်ကိုသိပ်မကျော်ဖြတ်နိုင်ကြဘူး နှစ်ပေါင်းငါးရာမှာဆယ်ယောက်ကျော်ဖြတ်ခဲ့ကြပေမဲ့ အားလုံးကျရှုံးခဲ့ကြတာ "
"မဆိုးဘူး မဆိုးဘူး အခုတော့ သူနောက်ဆုံးအချိန်ထိတောင့်ခံနိုင်ပါ့မလားပဲတွေးပူရတော့မယ်"

မြွေနတ်ဘုရားမျိုးနွယ်စုမှအကြီးအကဲများအချင်းချင်းတီးတိုးပြောနေကြတာကို လီကနားထောင်နေပြီး ခေါင်းညိတ်လိုက်သည်

ဟုတ်တယ် ဒီအဖြစ်အပျက်ပြီးရင် ဝမ်လေးကကောင်းကင်တိုင်းပြည်မှာ အရမ်းကျော်ကြားလာတော့မှာ
အင်း ငါ့ရဲ့လက်ထောက်ဖြစ်လာမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့

"သူတကယ်လို့နတ်ဘုရားမိုးကြိုးကိုကျော်ဖြတ်ပြိးသွားရင် ဘယ်လိုနတ်ဘုရားဖြစ်လာမယ်ထင်လဲ "
"ငါတော့ အဆင့်နိမ့်နတ်ဘုရားပဲဖြစ်မယ်လို့ထင်တယ် "
"ငါရော ငါရော"
"အဟမ်း ငါကတော့နင်တို့နဲ့မတူဘူး ငါအာရုံရနေတယ် သူအဆင့်မြင့်နတ်ဘုရားဖြစ်လာလိမ့်မယ် "
"နင်ဘာလို့အဲ့လိုပြောနိုင်ရတာလဲ"
"နင်တွေးကြည့်လေ ဆယ့်ငါးနှစ်ထဲနိ့တ်ဘုရားတပိုင်းဖြစ်အောင်ကျင့်ကြံနိုင်တဲ့သူက အဆင့်နိမ့်နတ်ဘုရားဖြစ်စရာလား"
"အေးနော် ငါလဲဘာလို့အဲ့လို‌မတွေးမိရတာလဲ"
"အခုငြင်းနေလဲအပိုပဲ အရင်ဆုံးကြည့်လိုက်ပါဦး"
" ဟေ့ ဟေ့ ကြည့်လိုက်ဦး အချက်နှစ်ဆယ်ဖြစ်နေပြီ မိုးကြိုးတွေကပိုပြင်းလာပြီ "

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now