44.သူမလဲလျောင်းနေတယ်

1.4K 99 0
                                    


44.သူမလဲလျောင်းနေတယ်

လီဝမ်အထဲကိုလျန်မြန်စွာလိုက်ဝင်သွားပြီး ကျောက်ကုတင်တခုရှေ့ရောက်တော့‌ခြေလှမ်းတွေကရပ်တန့်သွားလေသည် မိန်းမပျိုတဦးသည်ကျောက်သားဖြင့်ပြုလုပ်ထားသောကုတင်ပေါ်တွင်လှပစွာလှဲလျောင်းလျက်ရှိသည် သူမဝတ်ထာ‌းသောအပန်းရောင်ဝတ်စုံလေးနဲ့ဆန့်ကျင်ဘက်ဖြစ်စွာ သူမမျက်နှာနဲ့နှုတ်ခမ်းတွေကဖြူဖျော့လျက် သစ်နွယ်များကသူမကိုယ်ကိုတဝက်နီးပါးလောက်ဖုံးလွှမ်းလျက်ရှိပြီး သစ်ရွက်များမှာလဲအနဲငယ်ခြောက်နေသလို လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်ယှက်ထားပြီး သူမပုံစံကြည့်ရတာသက်တောင့်သက်သာဖြင့်အိပ်စက်နေသလို
သူမအိပ်စက်နေတာပဲလို့တွေးနေပေမဲ့ တကယ်တမ်းအဲ့လိုမဟုတ်ဘူးဆိုတာကိုလဲသူလက်မခံချင်ဖြစ်နေမိသည် သူမသေဆုံးသွားတာတဲ့လား မယုံနိုင်စရာကောင်းလိုက်တာ သူမခုလိုသေဆုံးရတာ သူ့ကြောင့်တဲ့လား သူမကသူ့ကိုချစ်ခဲ့တာတဲ့လား

သူတလှမ်းချင်းသူမနားကိုရှေ့ဆက်တိုး‌နေရင်း ‌သူ့ကိုအတွေးတွေကနှိပ်စက်နေတာကြောင့်ဆက်သွားဖို့လက်လျော့လိုက်ပြီး သူ‌မြေကြီးပေါ်သို့ဒူး‌ေထာက်ကျသွားခဲ့၏ သူမျက်ဝန်းများလဲဝေဝါးလာပြီးမျက်ရည်များကပိုးပိုးပေါက်ပေါက်စကျလာသည်

သူမငိုပါ သူမငိုချင်ပါ ဒါပေမဲ့‌ေရှ့ကမြင်ကွင်း‌ေကြာင့်နှလုံးသားကတော့နာကျင်လွန်း၍သေဆုံးလုနီးပါးဖြစ်နေခဲ့၏ မျက်ရည်များကိုလဲသုတ်မနေချင်တော့ သူဒူးထောက်လျက်သားရှေ့ကိုတိုးလိုက်ရင်း သူမရဲ့ပါးလေးကိုကိုင်လိုက်၏ ဒါ သူမအသက်ရှိစဉ်တုန်းကမလုပ်ဖြစ်ခဲ့ မလုပ်ရဲခဲ့တဲ့အရာတခုဖြစ်သည်

"ဟွားဟွား ကိုယ်တို့စတွေ့တာကိုမှတ်မိသေးလား မင်းလေးကိုစတွေ့တော့ မင်းလေးရဲ့မျက်ဝန်းတွေကြောင့် ထူးထူးဆန်းဆန်းကိုယ်ရင်ခုန်သွားခဲ့တာ လေးရဲ့အပြုံးတွေကြောင့်လဲကိုယ်ချစ်တတ်ခဲ့တယ် ဒါပေမဲ့ယောကျာ်းလေးအယောင်ဆောင်ထားတဲ့မင်းလေးကြောင့် ယောကျာ်းချင်းကြိုက်တဲ့သူဖြစ်ရင်တောင်မင်းဖြစ်ရင်ရတယ်ဆိုပြီးတွေးထားခဲ့တာပါ နောက်တော့မင်းလေးကမိန်းကလေးဆိုတာသိလိုက်ရတော့ ဘယ်လောက်ပျော်သွားရလဲသိရဲ့လား အမြဲပျော်နေပြုံးနေတတ်တဲ့မင်းကိုမြင်နေရတိုင်းကိုယ်အရမ်းချစ်မိခဲ့တာ "

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now