68.အဲ့နေ့

819 56 0
                                    

68.အဲ့နေ့

စစ်ပွဲပြီးဆုံးပြီး နှစ်ပေါင်းတစ်ဆယ့်ငါးနှစ်အကြာ နတ်သမိုင်းဂိုဏ်း ။

"အုန်းးးးးး"

ရှင်သန်ခြင်းတောင်ထိပ်မှ နတ်ဘုရားအလင်းရောင်ပေါက်ကွဲလာသည် ပတ်ဝန်းကျင်ကိုမျက်စိကျိန်းမတတ်ပစ်လွင့်လာပြီးမှ တစုံတယောက်ကဆွဲငင်ယူသွားသလို ရုတ်တရက်ပြန်လည်ရုတ်သိမ်းခြင်းခံလိုက်ရ၏ စူးရှနေသောအလင်းရောင်များပျောက်ကွယ်သွားပြီးနောက် ထိုနေရာတွင်လူရွယ်လေးတယောက်ရပ်နေသောပုံရိပ်လေးထွက်ပေါ်လာသည် လူရွယ်လေးအနီးတွင်အရှိန်အဝါများကအားကောင်းစွာလှည့်ပတ်နေကြပြီး လူရွယ်လေးကလဲအင်မတန်ချောမောခံညားနေသည်

မော့ဟွားက နတ်သမိုင်းဂိုဏ်းမှာသင်ခန်းစာသင်ကြားပို့ချနေရင်း ကြားလိုက်ရတဲ့အသံကြောင့် ရှင်သန်ခြင်းတောင်ထိပ်ကိုမော့ကြည့်လိုက်ကာပြုံးလိုက်ပြီး ဂိုဏ်းသားတွေရှေ့မှရိပ်ခနဲပျောက်ကွယ်သွားတော့သည်

နောက်ဆုံးတော့ သူ့ကိုတွေ့ခွင့်ရပြီလေ
မော့ဟွားက ‌ရှင်သန်ခြင်းတောင်ထိပ်ကိုရောက်လာပြီး မျက်ဝန်းကြည်ကြည်လေးများနှင့်သစ်ပင်ကြီးသဖွယ်ရပ်နေသောလူရွယ်လေးထံပစ်ဝင်သွားကာဖက်ထားလိုက်သည်

"ဝမ်လေး နောက်ဆုံးတော့‌ အောင်မြင်သွားပြီပေါ့ "
"ဟွားဟွားကျေးဇူးကြောင့်ပါ "

ထိုလူရွယ်ကနူးညံစွာပြုံးလိုက်ပြီး သူ့မျက်နှာတွင်လွမ်းရိပ်များကပြိုတော့မည့်မိုးနှယ်အတိုင်းသားမြင်နေရသည်

ထိုလူရွယ်ကလီဝမ်ဖြစ်ပြီး နတ်ဘုရားတပိုင်းဖြစ်ဖို့ကျင့်ကြံခဲ့တာ ဆယ့်ငါးနှစ်တိုင်ခဲ့ပြီဖြစ်သည် ယနေ့တော့ သူရဲ့မနားမနေကြိုးစားအားထုတ်မူ့ကြောင့်အောင်မြင်‌ခဲ့လေပြီ

လီဝမ်က သူရဲ့ရင်ခွင်တွင်းမှနတ်ဘုရားမလေးကိုငံု့ကြည့်လိုက်ပြီး သူမျက်နှာပေါ်သို့ အနမ်းမိုးများရွာသွန်းလိုက်၏ နဖူး နှာခေါင်း ပါးမို့မို့နှစ်ဖက်နဲ့ အရှက်သည်းနေသောနားရွက်လေးများပါမကျန် အကုန်အနမ်းများကြဲပက်ပစ်လိုက်သည် အငမ်းမရနမ်းပြီးအသက်ရှူမဝတော့မှလွတ်ပေးလိုက်ပြီး အသံအက်ရှရှလေးဖြင့်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now