53.zgi

950 50 3
                                    

ကြုံခဲလှသည့်ဖူးစာ

53. အနစ်နာခံမူ့

ကလေး‌လေးက အားမာန်အပြည့်ဖြင့်ကျုံးဝါးလိုက်၏ အမျိုးသမီးက ကလေးလေးကိုကြည့်ကာပြုံးနေလေသည် ထိုစဉ်တွင် အမျိုးသားတဦးဝင်လာကာပြောလိုက်၏

"ကဲ ဒီသားအမိ ပြောလို့ပြိးပြိလား "
"ဝေး ဖေဖေလာပြီ သမီးတို့နန်းတော်ကိုပြန်ကြမယ် "

ထို့နောက် အမျိုးသားက ကလေးလေးကိုပွေ့ချီလိုက်ကာ အမျိုးသမီးကိုဖက်၍ အကာအကွယ်စည်းနားမှနန်းတော်သို့ထွက်ခွာသွားကြလေတော့သည် ဟုတ်ပါသည် အမျိုးသမီးကနွီဝါးမယ်မယ်ဖြစ်ပြိး အမျိုးသားကတော့ စစ်နတ်ဘုရားဖြစ်ကာ ကလေးလေးကတော့ သူတို့နှစ်ယောက်ရဲ့သမီးကြီးဖြစ်ပါလေသည်

ကလေးလေးက သူတို့မိသားစုရဲ့ပျော်ရွင်ခြင်းတွေကြာရှည်ရှိမယ်လို့ထင်ခဲ့ပေမဲ့ သူမရဲ့ နတ်သက်တမ်းသုံးရာတွင် အဆုံးသတ်ခဲ့လေသည် မိစ္ဆာနတ်ဆိုးက မြွေနတ်ဘုရားမျိုးနွယ်မှအစေခံတယောက်ကိုသတ်ကာ အကာအကွယ်စည်းကိုဖျက်ဆီးခဲ့၏

ထို့နောက် သုံးလောကတွင် စစ်ပွဲများကနေရာအနှံ့ဖြစ်ပေါ်လာခဲ့သည် နတ်သူငယ်ပေါင်းများစွာဆုံးရှူံးခဲ့ရပြီး လူဘုံကတော့အပျက်အဆီးအများဆုံးဖြစ်ခဲ့သည်

စစ်ပွဲကနှစ်ပေါင်းငါးရာထိအောင်ဖြစ်ခဲ့ပြီး ‌တဖြည်းဖြည်းကောင်းကင်တိုင်းပြည်ကအရေးနိမ့်လာကာ နောက်ဆုံးတော့ ဧကရာဇ်လီက အကာအကွယ်စည်းကိုပြန်လည်ဖန်တီးရန်မြွေနတ်ဘုရားမျိုးနွယ်ကိုအမိန့်ချလာ၏ ‌အကာအကွယ်စည်းက မြွေနတ်ဘုရားမျိုးနွယ်အယောက်တရာကိုစတေးပြီးမှပြန်လည်ဖန်တီး၍ရမည်ဖြစ်သည် သို့သော် ပြသနာက စစ်ပွဲကာလတွင်မြွေနတ်ဘုရားမျိုးနွယ်များကလဲပါဝင်ခဲ့ကြရာ အနည်းငယ်သာကျန်ရှိခဲ့သောမျိုးဆက်သစ်များကို ဘယ်သူကစတေးဝံပါ့မလဲ ‌မြွေနတ်ဘုရားမျိုးနွယ်ပြတ်တောက်သွားနိုင်သောကြောင့် မျိုးနွယ်တွင်းတွင်ပြသနာ
တွေတက်ခဲ့ရပြန်လေတော့သည်

မှတ်မှတ်ရရ ကောင်းကင်တိုင်းပြည်တွင်အနက်ရောင်နမိတ်များမြူးထူးနေသောနေ့တွင် စစ်နတ်ဘုရားနတ်သက်ကြွေသွားပြီဆိုတဲ့အကြောင်းက သူတို့‌မြွေနတ်ဘုရားနန်းတော်ကိုရောက်ရှိလာခဲ့၏ ထိုသတင်းကြားသောအခါ နွီဝါးမယ်မယ်ကလက်နက်ကိုင်စွဲကာတိုက်ပွဲဝင်ခဲ့လေသည် ကလေးလေးက စစ်ပွဲအတွင်း သူမရဲ့အဖေကိုလိုက်ရှာရင်း သူ့အမေကိုပါ ရက်ရက်စက်စက်အသတ်ခံရသောမြင်ကွင်းကိုတွေ့ရှိခဲ့ရပြီး နွီဝါးမယ်မယ်ရဲ့နောက်ဆုံးထွက်သက်မတိုင်ခင် မှာကြားခဲ့သည်များကိုလုပ်ဆောင်ရန် အကာအကွယ်စည်းနားကိုပျံသန်းသွားခဲ့‌ရသည်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now