33. အကာအကွယ်စည်းကိုချိုးဖောက်ရန်ကြိုးစား

1.7K 129 11
                                    


သူတို့ငါးယောက်ဆုံတဲ့အချိန်ရှားရှားပါးပါးမို့‌ မော့ဟွားအကြောင်းကိုပြောဖြစ်ကြသည် သူတို့အားလုံးမော့ဟွားကိုကြိုက်ကြပေမဲ့ မော့ဟွားရဲ့နှလုံးသားကတော့ ဘယ်သူ့ဆီမှာလဲဆိုတာသူတို့အားလုံးမသိကြဘူး ဒါပေမဲ့ မော့ဟွားရဲ့ထူးခြားတဲ့ပင်ကိုယ်စရိုက် သူမရဲ့ထူးခြားတဲ့ကိုယ်‌ရည်ကိုယ်သွေးနဲ့ သူမရဲ့ထူးခြားတဲ့အကြောင်းအရာလေးကသူတို့အားလုံးကိုဆွဲဆောင်နေတာတော့ သူတို့လက်ခံကြရတယ် လီဝမ်ပြောပြတဲ့မော့ဟွားရဲ့ပုံစံတမျိုးကိုကြားရပြန်တော့ သူတို့အချစ်ပိုကြရပြန်တယ် ဒါကြောင့်လေးယောက်လုံးက မော့ဟွားရဲ့ချစ်စဖွယ်အမူအရာလေးကိုမြင်ယောင်ကြည့်ရင်း လီဝမ်ပြောသမျှကို ငြိမ်သက်စွာနားထောင်‌ေနကြတယ် လီဝမ်ကလည်း သူမရဲ့လျို့ဝှက်ချက်တွေကိုထိန်ချန်ပြီးကျန်‌တာတွေကိုတော့ အမှန်အတိုင်းပြောပြလိုက်ပြီး သူတို့ရဲ့စစ်‌ေမြပြင်ကတညတာကို‌ေကာင်း‌ေကာင်းအားဖြည့်ရင်းဖြတ်သန်း‌ေနကြတာပေါ့

အဲ့ဒီအချိန်မော့ဟွားကတော့ သူ့ရှစ်စွမ်းကြောင့်စိတ်ညစ်လို့နေတယ် သူမဂူထဲမှာအပင်တွေကိုကုစားပေးရင်းနဲ့ပျင်းရိလွန်းလို့ထွက်ပြေးချင်စိတ်တွေအရမ်းကိုအုံကြွနေပေမဲ့ ဂူဝကိုအကာအကွယ်စည်းတားထားတာမို့သူမထွက်လို့မရဘူး ရုတ်တရက်ကြီး ပျင်းရိပြီး‌တော့ငိုက်ခဲ့တဲ့စာသင်ချိန်တွေအတွက်နှမြောမိသွားတယ်

အိုက်ရား ငါသာကြိုးစားသင်ခဲ့ရင်အကာအကွယ်စည်းကိုဖျက်လို့ရလောက်တယ် ဟင့် ခု‌တော့ ငါတယောက်ထဲအကျဉ်းကျနေသလိုပဲ ဒါနဲ့ဟိုလူတွေရောဘာလုပ်နေကြပါလိမ့် ငါကိုကောသတိရောရကြရဲ့လားမသိဘူး

"ဟပ်ချူး "

ဟမ် သူတို့ ငါ့အကြောင်းကို‌ေပြာ‌ေနကြတာလား ဘာ‌ေတွပြောနေကြတာပါလိမ့် မကောင်းသတင်းလား ကောင်းသတင်းလား မှန်းစမ်း လှမ်းကြည့်လိုက်မယ် သူမလဲအရမ်းပျင်းနေတော့ စပ်စုဖို့ဆုံးဖြတ်လိုက်တယ်

သူမစိတ်အာရုံပြုဂါထာရွတ်ပြီး သူမချစ်တဲ့သူဆီလိပ်ပြာလေးလွှင့်လိုက်တယ်ဆိုရင်ပဲ ဟောငါးယောက်သားစကားပြောနေကြတဲ့မြင်ကွင်းကိုမြင်လိုက်ရပါရောလား
ဒင်းတို့ကငါ့အကြောင်းကိုမြိန်ရည်ယှက်ရည်ပြောနေကြတယ်ပေါ့လေ ဟွန့် အကုန်လုံးစပ်ဖြီးဖြီးတွေနဲ့

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now