67.နောက်ဆုံးတော့ဆုံကြပြီ

826 61 0
                                    

67.နောက်ဆုံးတော့

လီဝမ်ရဲ့မျက်လုံးများဟာ သာမာန်အညိုရောင်ကိုပြောင်းလဲသွားပြီး သူရဲ့အသိစိတ်ကနောက်ဆုံးတော့ပြန်လည်လာပါပြီ

မီးခိုးငွေ့တွေတလူလူနဲ့ ခေါင်းတွေလဲပြန့်ကျဲနေသလို  ရုပ်ဆိုးဆိုးနဲ့သရဲလိုကောင်တွေနဲ့ အရောင်အဝါထွန်းတောက်နေတဲ့နတ်စစ်သည်တွေ တိုက်ခိုက်နေကြတာကို သူမြင်နေရပါတယ်

အိုး တကယ်ပဲထူးဆန်းလိုက်တာ သူနောက်ဆုံးမြင်ခဲ့တဲ့မြင်ကွင်းကဒါမဟုတ်ဘူးလေ သူနောက်ဆုံးမြင်ခဲ့တာက သူအိပ်ဆောင်ထဲကို ရီလျိုချင်းဝင်လာပြီး အရက်သောက်ကြရင်း နောက်ဆုံးသူမဟန်နိုင်တော့ပဲ လှဲကျသွားတာပါ ဘယ်လိုလုပ်ပြီး ဒီထဲရောက်နေတာပါလိမ့်

"အင်းးးး"

ကြားလိုက်ရတဲ့ညီးညူသံသဲ့သဲ့လေးကြောင့် လီဝမ်တကိုယ်လုံးတုန်တက်သွားပါတယ် သူခေါင်းငုံကြည့်လိုက်တော့ သူ့ကိုမော့ကြည့်နေတဲ့ သလင်းကျောက်လိုကြည်လင်နေတဲ့ မျက်ဝန်းတစုံနဲ့သွားတိုးမိလိုက်ပါတယ်

"ဟွားဟွား?"
"ဝမ်လေး "
"အင်း ကိုယ်လေ "
"နောက်ဆုံးတော့ ရှင်ပြန်လာပြီပေါ့ "
"အင်း ပြန်လာပြီ ဟမ် သွေး သွေးတွေ ဟွားဟွား ဒဏ်ရာရထားတာလား "
"မပြောပလောက်ပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ဝမ်လေးပြန်ရောက်လာပြီပဲ တန်ပါတယ် "

သူ့ကြောင့် သူ့ကြောင့်တဲ့လား သူ့ကြောင့်ဟွားဟွားသွေး‌ေတွထွက်နေတယ်တဲ့လား သူ့ကြောင့်သူမရဲ့အဖြူရောင်ဝတ်ရုံကအနီရောင်‌ေတာင်ပြောင်းသွားပြီလေ အဲ့တာတောင်တန်ပါတယ်တဲ့လား ရင်နာလိုက်တာ ဟွားဟွားရယ် ကိုယ်အသုံးမကျတာပါ ကိုယ့်ကြောင့်ပါ

"ကိုယ်အသူံးမကျလို့   "
"ရှူးးးးးးး မပြောတော့နဲ့အဲ့ဒါကို "
"ဘယ်လိုဖြစ်သွားတာလဲ "
"အဲ့ဒါက "

မော့ဟွားရှင်းပြမလို့လုပ်နေတဲ့အချိန်မှာပဲ သူ့သားရဲ့အသိစိတ်ပျောက်ကွယ်သွားတာကိုသိလိုက်တဲ့မူတန်းက အော်ဟစ်ကာ မော့ဟွားဆီ ပျံသန်းလာပါတော့တယ်

"ကူးဟွားဟွား မင်းကများအတင့်ရဲလို့ ငါသားကိုသတ်ရဲတယ်ပေါ့ မင်းကိုငါကိုယ်တိုင်သတ်ပြီး မင်းဝိဉာဉ်ကို နတ်ဆိုးတိုင်းပြည်မှာတသက်လုံးကျွန်ပြုထားမယ်ကွ အားးးးးးးးးး"

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniDonde viven las historias. Descúbrelo ahora