32.zgi

796 39 0
                                    

ကြုံခဲလှသည့်ဖူးစာ

၃၂.အကို၂ရဲ့စွမ်းဆောင်ရည်များ ၁

လူငယ်ကသက်ပြင်းချလိုက်ပြီး

"ဟုတ်တယ် တကယ်က ရှစ်စွမ်းနေမကောင်းဖြစ်နေတာကြာပြီ ဒါပေမဲ့ ဘယ်သူ့ကိုမှမပြောပြခဲ့ဘူး ကောတို့တောင် ဟိုတနေ့ကနတ်ဆေးဆရာကိုသွားပြီးမေးလို့သိရတာ အဲ့တော့ ရှစ်စွမ်းကသူမှာစရာရှိတာတွေကိုမှာဖို့ မေ့မေ့ကိုခေါ်ခိုင်းလိုက်တာပဲ မဆော့တော့နဲ့ လိမ်လိမ်မာမာနဲ့ပြန်လိုက်ခဲ့နော် "

မော့ဟွား၏နှလုံးသားများကွဲကြေသွားသလိုခံစားလိုက်ရ၏ သူမ၏ရှစ်စွမ်းကဖျား‌နာနေချိန်မှာ သူမရှိမှဖြစ်မာ သူမအပေါ်အရမ်းကောင်းတာကို ပစ်ပယ်ထားလို့ဘယ်ဖြစ်မလဲ သူမကကျိန်းသေပေါက်ပြန်ပြီးကောင်းမှရမယ်

ဒါပေမဲ့ ဒီမှာလဲကိစ္စတွေကမပြတ်သေးဘူးလေ လူတွေအများကြီးသေမဲ့ကိစ္စမှာ သူမလက်လွတ်စပယ်ထားခဲ့လို့မဖြစ်ဘူး

မော့ဟွားက ခပ်ချွဲချွဲအမူအရာလေးပြုလုပ်လိုက်ပြီးတော့

"အကို ၂ ဒီကကိစ္စတွေကိုစီမံပေးပါလားဟင် ဘယ်လိုပဲရှစ်စွမ်းနေမကောင်းဘူးပြောပြော ဒီမှာပစ်ပယ်ထားခဲ့ရမှာကတမျိုးကြီး တကယ်ကိုမကောင်းဘူး နော် အကို ၂ စီမံပေးပါနော် နော် နော်လို့"

လူငယ်ကခနတော့အံဩသွားပေမဲ့ခနတွင်းပဲပြန်ပြုံးလိုက်ပြီးတော့ မော့ဟွားပါးကိုလိမ်ဆွဲလိုက်လေတယ် ပြီးမှ ချော့မော့တဲ့အသံလေးနဲ့

"အင်း အင်း ဟုတ်ပါပြီ ဒီကကိစ္စကိုစိတ်မပူပါနဲ့နော် ကောကိုင်တွယ်လိုက်မယ် ဟုတ်ပြီလား"
"ဟေး ဒီလိုမှပေါ့ ဒါဆို ‌စိတ်ပူစရာမလိုတော့ဘူး ဒါဆိုသွားပြိနော် "

ထိုလူငယ်နဲ့မော့ဟွားစကားပြောစဉ်အတွင်းမှာ ထိုလူငယ်ကအမြဲတမ်းပြုံးနေပြိးတော့ ညင်သာစွာနဲ့ကြမ်းတမ်းမူ့မရှိဘူး
ဘေးကလူတွေက ထိုလူငယ်ကိုကြည့်ပြီးးတော့ တခုနားလည်လိုက်မိတာက သူကအရမ်းကိုနွေးထွေးပြီးတော့ အကိုပီသတယ်ဆိုတာပဲ ပြီးတော့ သူကအမြဲတမ်းပြုံးနေတာ အရမ်းချောတာပဲ လို့

ဒါပေမဲ့ သူတို့အမြင်တွေဘယ်လောက်မှားတယ်ဆိုတာ မော့ဟွားပြန်သွားပြီးတဲ့နောက်တော့ သူတို့အားလုံးသိလိုက်ရတယ်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now