66. နောက်ကွယ်ကလူ

831 56 0
                                    

66.နောက်ကွယ်ကလူ

ဒါပေမဲ့ သူ‌တို့အားလုံးကဘယ်သူတွေမို့လဲ လေ့ကျင့်ခံရပြီးသားနတ်ဘုရားတပိုင်းတွေပါပဲ အဲ့ဒါကြောင့် သရဲစစ်တပ်ရဲ့အားနည်းချက်ကိုသိတာနဲ့တက်တက်ကြွကြွစတင်သတ်ဖြတ်ကြပါတော့တာပဲ ခနတွင်းချင်းပဲ အခြေအနေတွေကပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားပါသည် နေရာတကာမှာ သရဲစစ်သည်တွေရဲ့ခေါင်းတွေနှလုံးတွေနဲ့ပြည့်သွားပြီး နှလုံးမခိုင်သူတွေမူးမေ့လဲလောက်တဲ့မြင်ကွင်းထဲမှာမှ မော့ဟွားကတော့ သူမရဲ့လက်ကိုအသုံးပြုကာ တိုက်ခိုက်လျက်ရှိပါသည်  သူမလက်ဝှေ့ရမ်းလိုက်တာနဲ့ သရဲစစ်သည်ရဲ့ခေါင်း ဒါမှမဟုတ် နှလုံးသား တခုခုတော့ပါလာစမြဲပါပဲ

ဒါပေမဲ့ သူမတို့ဘက်က သေမျိုးတွေရဲ့သေဆုံးမူ့ဟာ ဟိုဘက်ကသရဲစစ်တပ်ကြီးကိုအားဖြည့်ပေးနေသလိုဖြစ်နေတယ် ဒါကြောင့် ကိုယ့်အချင်းချင်းပြန်တိုက်နေကြသလိုမျိုး မော့ဟွားတို့ဘက်ကဆုံးရှုံးမူ့ကပိုကြီးမားတာ‌ပေါ့

ဒါကြောင့် မော့ဟွားက သေမျိုးတွေကိုနောက်ဆုတ်ဖို့အမိန့်ပေးလိုက်ပြီး ကောင်းကင်နတ်စစ်သည်တွေနဲ့နတ်သမိုင်းဂိုဏ်းကနတ်ဘုရားတပိုင်းတွေကိုပဲ ဦးဆောင်စေလိုက်ပါတော့သည်

သေမျိုးတွေက ခနချင်းဆူဆူပူပူဖြစ်လာပြီး သူတို့လဲစစ်ပွဲထဲပါဝင်ချင်တဲ့အကြောင်း လောဆော်ကြပါတော့သည်

သူတို့ဒီကိုစစ်တိုက်ဖို့လာတာလေ
ဘာကြောင့်ဘေးထွက်နေခိုင်းရတာလဲ မတရားဘူး   စတဲ့ အကြောင်းပြချက်တွေပလုံစီပြီးထွက်လာတဲ့အချိန်မှာတော့ တချို့ဆိုရင် မော့ဟွားစကားကိုတောင်ပုန်ကန်ချင်လာတဲ့ပုံပါ ဒါကြောင့် မော့ဟွားက ရဲ့ယွင်ကိုအချက်ပြပြီးရှင်းပြခိုင်းလိုက်ပြီး သူမကတော့ စစ်ပွဲထဲတခါခုန်ဝင်သွားလေရဲ့

ရဲ့ယွင်ကခပ်တိုတိုရှင်းပြလိုက်ပြီး ကူးချုံးနားသွားကာ သရဲစစ်သည်တွေကိုပြန်လည်တိုက်ခိုက်လိုက်ပါသည် သေမျိုးတွေက‌တော့ ရဲ့ယွင်ရဲ့ရေခဲရိုက်မျက်နှာကြီးကြောင့် ဆူပူမူ့တွေရပ်တန့်သွားကြပြီး စစ်ဖြစ်နေတဲ့နေရာကို ပူပန်မူ့တွေနဲ့လှမ်းကြည့်နေကြပါသည်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now