2.3K 188 5
သမီးတော်က အရှက်ပြေရယ်ကာ
"အဟမ်း မိန်းကလေးကအရမ်းပွင့်လင်းတယ်နော် "
"ဟုတ်တယ် အဲ့တော့ဘာဖြစ်လဲ မပွင့်မလင်းနဲ့‌ေညာင်နိညောင်နာကြောင်လိုလူမျိုးမှမဟုတ်တာ ‌မကောင်းဘူးလား ဒါနဲ့ပြောပါဦးမယ် ပန်းကုန်းကိုဘာကြောင့်မိန်းကလေး မိန်းကလေးနဲ့ခေါ်နေရတာလဲ သမ‌ီးတော်က ပန်းကုန်းထက်ငယ်မဲ့ပုံပဲ အဲ့တော့ မမလို့ခေါ်ပါ"
မော့ဟွားက မင်းသမီးတပါးအသုံးအနှုန်းဖြစ်သော ပန်းကုန်းကိုသုံးနှုန်းလိုက်သည် တကယ်လဲသူမ‌ကတော်ဝင်မျိုးနွယ်ပင် သူမရဲ့အမေက လက်ရှိဘုရင်ရဲ့နှစ်ယောက်မရှိတဲ့ညီမလေးဖြစ်ကာ သူမကဘုရင်ရဲ့တူမတော်ဖြစ်ကာ မင်းသမီးတပါးစာရင်းဝင်ဖြစ်သည် ပြီးလျင် ဘုရင်ရဲ့မွေးစားသမီးလဲဖြစ်တာကြောင့် သူမအဆင့်အတန်းက သမီးတော်ထက်ပိုမြင့်လေသည် (‌ဟွားဟွားတို့တိုင်းပြည်မှာပြောတာနော် တိုင်းပြည်တွေကများလို့ မျက်စိရှုပ်သွားမှာစိုးလို့)
ပိုင်ယီကရယ်မောလိုက်၏
ဒီကောင်မလေး တကယ်ကိုအကြောက်အလန့်မရှိတာသိပေမဲ့လဲ ဒီလိုကြီးတည့်တိုးသမားဖြစ်လိမ့်မယ်လို့သူမထင်ခဲ့ဘူး
ရှောင်လော့ဝေက ပိုင်ယီကိုကြည့်ကာ ခေါင်းကိုတဆတ်ဆတ်ငြိမ့့်သည် ထို‌ေနာက်အနားတိုးကာ ချွဲသံဖြင့်
"ပိုင်ကော "
နားကလောစရာအသံကြောင့် ပိုင်ယီ၏မျက်နှာ‌ပါ်တွင်ထူးဆန်းသောအမူအရာပေါ်လာ၏ ပြီးလျင် ရှောင်လော့ဝေအားကြည့်ကာ
"လော့ဝေ မင်းဖျားနေတာလား"
"................."
ဘာ မင်းပဲဖျား မင်းဖင်ကြီးပဲဖျား ဟုတ်ပြီလား မင်းမျက်နှာပေါ်မှာ ငါတော့ဟွားဟွားကိုကြိုက်နေမိပါပြီဆိုပြီးမှင်အနက်ကြီးနဲ့ရေးထားတာကိုဖတ်ပြိး ငါအန်ချင်လာလို့ကွသိရဲ့လား
"အဟမ်း မင်းဟွားဟွားကိုကြိုက်နေတာလား "
"အင်း မင်းဘယ်လိုထင်လဲသူ့ကိုလေ"
"ဘယ်လိုမှမထင်ဘူး ဒါပေမဲ့ မင်းပြိုင်ဘက်တွေပေါတယ်လို့တော့ထင်တယ် "
"ဟမ်"
ပိုင်ယီကရှောင်လော့ဝေအားနားမလည်စွာကြည့်သည်တွင် ရှောင်လော့ဝေက မို့လျန်ချန်နဲ့ရီလျိုချင်းတို့ကိုမေးငေါ့ပြ၏
(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniМесто, где живут истории. Откройте их для себя