20.ဒီလိုခေါ်တယ် ဒီလိုေခၚတယ္

2.2K 185 7
                                    

"နေကောင်းလား"
(တရုတ်နန်းတွင်းစကားနဲ့ပြောတယ်ပဲမှတ်လိုက်ပါနော်)

ပိုင်ယီပြောပြီးချိန်တွင် လေးထောင့်လိုအရာကြီးထံမှ
ဘာသာစကားအမျိုး‌ေပါင်းနှစ်ဆယ်ဖြင့် အသံထွက်လာ၏ ပြောလိုက်သောစကားသံများမှာလဲမော့ဟွားပြောတဲ့အတိုင်းတထေရာထဲပင်
ခုနတုန်းကတိတ်ဆိတ်နေသောခန်းမထဲတွင် လူအချို့ငြင်းခုန်သံများဖြင့်ပြန်ပြည့်လာ၏
ယခုတော့ လူအားလုံးမှာ လေးထောင့်လိုအရာကြီးထံမှာသာ အာရုံရှိတော့သည် ဘယ်သူမှ မော့ဟွားနှင့်သမီးတော်၏ငြင်းခုန်ပွဲက်ုစိတ်မဝင်စားတော့ချေ
စောနကအဲ့ဒီထဲမှာမသေမျိုးပါတယ်ဟုပြောသောသူကတော့ သူစကားမှန်တယ်ဆိုပြီးတပြုံးပြုံးဖြင့် တွေ့လားငါမပြောဘူးလားဆိုသောအမူအယာကိုဆင်မြန်းထားလျက်ဆောင့်ကြွားကြွားကြီးလုပ်နေလေသည် တချို့လူတွေက မသေမျိုးဟူသောစကားကိုကြားလြိက်သောအခါ လှုပ်ပင်မလှုပ်ဝံ့တော့ချေ မော့ဟွားကိုအပြစ်မလုပ်မိသည်ကိုပင်ကျေးဇူးတင်လျက်ရှိကြသည်
ဟုတ်သည် မသေမျိုးဆိုသည်ကား ဤလောကတွင်တ‌သောင်းတယောက်ဆိုသလိုပေါ်ခဲလှပေသည်
မသေမျိုးတို့၏အစွမ်းသည် ဖူးခနဲမှုတ်လိုက်ရုံဖြင့် ပြည်နယ်တခုပျောက်ကွယ်သွားနိုင်သလို လက်ဖျောက်တချက်တီးလိုက်ရုံမျှဖြင့်လည်း လူတယောက်ကို အရိုးအသားသတ်သတ်စီဖြစ်အောင်စွမ်းဆောင်နိုင်လေသည်
သို့သော် ရှေ့ဖြစ်ဟောနတ်ဆရာတို့လို နမိတ်ဖတ်သူတို့လိုပင် မသေမျိုး‌တို့သည်လည်းရှားပါးလှပေသည် ဟောနတ်ဆရာတို့လိုအမြဲတမ်းပုံပြင်သဖွယ်မဟုတ်ပဲ မကြာမကြာတ‌ေခတ်မှာတခါပေါ်ထွန်းလာလေ့ရှိသဖြင့် မည်သူမျှအပြစ်မလုပ်ရဲကြပေ ထို့ကြောင့်မြို့တော်တွင် မသေမျိုးများ၏မိသားစုအသိုင်းအဝိုင်းများသည်လည်းအင်အားတောင့်ကာနာမည်ကြီးလေသည် ဘုရင်တောင်မှ ထိုမိသားစုများကိုထိခိုက်စေချင်လျင်နှစ်ခါပြန်စဉ်းစားဖို့လိုလေသည်
ဒါပေါ့ မော့ဟွားကတော့ဒါတွေဘယ်သိလိမ့်မလဲ သိရင်လဲဂရုစိုက်မည့်သူမဟုတ်ပေ

"ပိုင်ကော ကျေးဇူး "

မော့ဟွားကပြောလိုက်ပြီးလျင်

"ကဲ ဘယ်သူစမ်းချင်သလဲ ကြိုက်တဲ့သူစမ်းလို့ရတယ်နော် "

ထိုစဉ် ထိုင်နေသူများထဲမှ

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniTahanan ng mga kuwento. Tumuklas ngayon