17.နွီဝါးမယ်မယ်နှင့်ရှေ့ဖြစ်ဟောနတ်ဆရာများ နွီဝါးမယ်မယ်နှင့်ရှေ့ဖြစ်ဟောဆရာများ

2.2K 188 3
                                    

"ဒါပေမဲ့ အဲ့ဒါကအရေးကြီးကိစ္စဖြစ်လို့ ခမည်းတော်တယောက်ထဲကိုသာပေးသိလို့ရပါမယ်ခမည်းတော် သားတော်ကိုယုံကြည်ပါ "
"အဲ့ဒီမိန်းကလေးနဲ့ပတ်သတ်နေတာလား
"
"ဟုတ်မှန်ကြောင်းပါ ခမည်းတော်"
"ကောင်းပြီ"

ပိုင်ယီက ‌သူ့ဘေးမနားကကိုယ်ရံတော်တယောက်အား စာရွက်နှင့်မှင်တံကိုသွားယူခိုင်းလိုက်၏

ဘုရင်ကြီးကတော့ မျက်မျောင်ကြုံကာကြည့်နေဆဲ ပိုင်ယီကကိုယ်ရံတော်ယူလာပေးသောစာရွက်တွင်းသို့တစုံတခုရေးချလိုက်သည် ထို့နောက်သေချာခေါက်ကာ ကိုယ်ရံတော်အား ဘုရင့်‌ေဘးကကုန်းကုန်းကိုသွားပေးစေ၏

ကုန်းကုန်းကဘုရင်အားစာရွက်ကိုတရိုတသေကမ်းပေးလိုက်ပြီးနောက် ဘုရင်ကစာရွက်ကိုဖြန့်ကာဖတ်လိုက်သည် အစပိုင်း‌တွင်သူကသာမာန်ကာလျှံကာဖတ်တာဖြစ်ပေမဲ့ စာရွက်အတွင်းမာပါတဲ့အနဲငယ်သောစာလုံးများက သူ့အားတုန်လှုပ်စေ၏

သူကတုန်လှုပ်စွာဖြင့်

"သားတော် ဒါတကယ်လား"
"ဟုတ်မှန်ကြောင်းပါ ခမည်းတော်"

ဘုရင်ကတည်ငြိမ်အောင်‌အမူအယာပြင်လိုက်ပြီးနောက်

"သမီးတော် ဒါက တကယ်ပဲ မင်းမော့ကြည့်လို့ရတဲ့သူတောင်မဟုတ်ဘူး
ပန်းဝမ်ထက်တောင်အဆင့်အတန်းမြင့်သေးတယ် "

ဟုတ်ပေသည် စာရွက်အတွင်းတွင် ရှေ့ဖြစ်ဟောနတ်ဆရာမလေးဟုရေးသားထား၏ ဘုရင်ထက်မြင့်သောအဆင့်အတန်းကတခုထဲရှိပေသည် အဲ့ဒါက ရှေ့ဖြစ်ဟောနတ်ဆရာပင်ဖြစ်သည်

ပြောကြသည်မှာ အရင်တုန်းက တိုင်းပြည်ငယ်တွေမပေါ်ပေါက်ခင် ကုန်းမြေတွေသာရှိခဲ့သည် ထို့ကြောင့် လူသားမျိုးနွယ်များပြား‌ေစရန်နွီဝါးမယ်မယ်(‌လူတပိုင်းမြွေတပိုင်းနတ်ပါ)ကိုစစ်နတ်ဘုရားနှင့်‌‌ေစလွတ်ခဲ့၏
(ကမ္ဘာကိုနွီဝါးမယ်မယ်ကဖန်ဆင်းပေးထားတာပါတဲ့နော် ချစ်တို့)

နွီဝါးမယ်မယ်နှင့်စစ်နတ်ဘုရားတို့ကမ္ဘ‌ာ‌ေမြတွင်ကြိုက်နှစ်သက်ခဲ့ကြပြီး‌ေပါင်းဖက်‌ြကရာကလေးများပါထွန်းကားလာခဲ့သည် ထိုသူတို့သည် ရှေ့ဖြစ်ဟောနတ်ဆရာများဖြစ်ကြသည်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now