11.ဆုံတွေ့ကြပြီ ဆံုေတြ႔ၾကၿပီ

2.5K 198 2
                                    

ဝေး အကိုချော‌တို့ ငါ‌ေလးဒီမှာရှိနေတယ်လေ ငါလေးကိုလျစ်လျူရှူ့ပြီး ဘာတွေများပြောဆိုနေကြတာတုန်း ငါလေးကိုလဲအဖက်
လုပ်ကြပါဦးဟ

"အဟမ်း အဟမ်း"

မော့ဟွား ချောင်းဟန့်လိုက်သော်လည်း ကိုယ်တော်လေးကောင်က လှည့်မကြည့်ကြဘူးလေ ငါလေးကိုလျစ်လျူရှူ့ထားကြတယ်ပေါ့ အား ငါစိတ်တေတိုလာပြီ နင်တို့ဆွေးနွေးစရာရှိတာ နောက်မှဆွေးနွေးကြပါဟဲ့

"အဟမ်း ..... "

"ပိုင်ယီ မင်းဖွက်ထားတာဘာသဘောလဲပြော.."

မို့လျန်ချန်ကဆူပုတ်လျက်မေးလာသည်တွင်
ရှောင်လော့ဝေက

"မင်းကိုကြောက်လို့နေမှာ"
"ဘာ..လော့ဝေမင်းပြောပြီးပီလား..လူပျိုသိုးကများ ခုထိမစွန်သေးပဲနဲ့ "
"ဟမ့် ဘာဂရုစိုက်ရမာလဲ ငါချစ်တဲ့သူတွေ့ရင် ငါလက်မလွတ်ဘူး
ရအောင်ယူမှာ
ငါ့ဘေးမှာထားမှာ ဘယ်သူမှနှောင့်ယှက်လို့မရစေဘူး ဟမ့် အထူးသဖြင့်မင်းဆိုရင်ပေါ့ "
"အားရိုးရိုး အပြောကောင်းလိုက်တာ ကြည့်မယ်လေ မင်းချစ်တဲ့မိန်းကလေးကိုရအောင်ယူနိုင်လားဆိုတာ ဟားဟား လောကကကျဉ်းတယ် ဘဝကရှည်တယ်နော့
လျပ်တပြက်အတွင်းမှာဘာမဆိုဖြစ်နိုင်တယ် ဟားဟား "

"အဟမ်း.........."

အမလေးဟဲ့ ငါအားရပါးရအော်ထဲ့လိုက်တာ ငါ့လည်ချောင်းတောင်နာသွားပြီ ကြည့်စမ်းဒင်းတို့ဘာတေအသည်းအသန်စဉ်းစားနေကြတိုင်ပင်နေကြတာလဲ ငါနဲ့တွေ့မယ်
မော့ဟွားတယောက်တွေးလဲတွေး အဲ့လေးယောက်နားလဲရောက်သွားသည်

"ဒီမှာ အကို‌ေချာတို့ မိန်းကလေးတယောက်လုံးခေါ်နေတာ မကြားကြဘူးလား ဟမ်"

ထိုအခါမှသကောင့်သားလေးယောက်ကကြည့်ရှူ့တော်မူလာပြီး
ထိုအထဲကမှ အဝါရောင်ဝတ်စုံနဲ့တယောက်က

"မေ့မေ့က ဒီလေးယောက်ထဲကဘယ်သူ‌ကိုခေါ်တာလဲ ကိုယ်တော်က မို့လျန်းချန် လုံတိုင်းြပည်က သူက ပိုင်ယီ ကျင်းတိုင်းပြည်က သူက ရီလျိုချင်း ရီတိုင်းပြည်က သူက ရှောင်လော့ဝေ ကျုံးတိုင်းပြည်က မေ့မေ့က ဘယ်တယောက်ကိုခေါ်တာလဲ"

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now