61.စုစည်းမိသွားခြင်း

923 64 2
                                    

61. စုစည်းမိသွားပြီ

"ဒါပေမဲ့ အရှင်မကို ကျွန်တော်မျိုးတို့တခါမှမမြင်ဖူးဘူး ဒါကြောင့် အရှင်မနာမည်ကိုပြောပါ ဧကရာဇ်ကိုသွားလျောက်ပေးပါ့မယ် "
"ဟမ့် မင်းတို့လိုအဆင့်နိမ့်နတ်ကလေးတွေက ငါ့နာမည်ကိုသိခွင့်ရှိတယ်လို့ထင်တယ်ပေါ့ "

အိုး သူမကအရမ်းမာနကြီးပြီးမောက်မာတာပဲ

မော့ဟွားက နတ်စစ်သည်များကိုလက်တချက်ဝှေ့ရမ်းပြီး ရှင်းထုတ်ပစ်လိုက်၏ နတ်စစ်သည်များမှာ အကုန်လဲကျသွားကြပြီး သွေးများအန်ထုတ်လိုက်ကြရလေသည် သူတို့အားလုံးထိတ်လန့်သွားပြီး သူမကိုစေ့စေ့ပင်မကြည့်ရဲကြတော့ပေ

မော့ဟွားက သူတို့ကိုတချက်လေးပင်လှည့်မကြည့် သူမရှေ့သို့ဆက်သွားလိုက်၏ သူမမျက်နှာကြည်လင်နေသော်လည်း သူမမျက်ဝန်းထဲတွင်အေးခဲခြင်းများကိုမြင်တွေ့နိုင်သည်

ကောင်းကင်ဘုံခန်းမသို့ရောက်လာသောအခါ မော့ဟွားက ဧကရာဇ်လီကိုခနဲ့လိုက်၏

"ယို့ .....လီ ....မင်းငါ့ရဲ့ပုံတူကိုတောင် ကောင်းကင်ဘုံခန်းမမှာထားပြီထင်နေတာ ခုတော့ ငါ့ကိုတယောက်ကမှမသိကြပါလား ဟင် မင်းကအရမ်းကျေးဇူးသိတတ်တာပဲ "

ဧကရာဇ်လီက သလွန်ပေါ်တွင်ပျင်းရိပျင်းတွဲလှဲနေကာ နတ်သူငယ်ခွံ့ပေးသည့်စပျစ်သီးကိုစားနေ၏ သူကမော့ဟွားကိုတွေ့သော်လည်း ပြုံးရုံပြုံးပြလိုက်ကာ မျက်စိကိုအသာမှိတ်ထားပြီး နတ်သူငယ်ခွံလိုက်တဲ့စပျစ်သီးကိုသာ စားနေလေသည်

ခုနကမော့ဟွားကြောင့်ကောင်းကင်ဘုံတခုလုံးရုတ်ရုတ်သဲသဲဖြစ်သွားကာ နတ်မင်းအားလုံးကောင်းကင်ဘုံခန်းမတွင်ရောက်‌ရှိနေကြသည် ထို့ကြောင့်မော့ဟွားက သူတို့ရဲ့ဧကရာဇ်ကိုမလေးမစားပြောတာကိုကြားလိုက်ရတော့ ကောင်းကင်ဘုံခန်းမတခုလုံး ကြွက်ကြွက်ညံသွား၏

မော့ဟွားကဂရုမစိုက်ပဲ လီကိုကြည့်ကာ‌ သူမထပ်ပြောလိုက်၏

"လီ မင်းနဲ့ငါနှစ်ယောက်ထဲပြောချင်တယ် ဒီမှာဈေးရောင်းနေတာကြနေတာပဲ ညံကြွက်နေတာပဲ "

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now