2.8K 211 0
"ငါမြင်ယောင်နေတယ် ..ဒီလိုပုံစံနဲ့...ဘယ်လိုများစိတ်ချရပါ့မလဲ.."
"အာ...ရှစ်စွမ်းကလဲ......."
"နားထောင်မာလား မထောင်ဘူးလား "
"ထောင်မယ်....ထောင်မယ် ...."
နှုတ်ခမ်းကြီးထော်ကာ ငြိမ်သွားသောတပည့်မကိုကြည့်ကာ ကူချုံး
သက်ပြင်းချလိုက်သည်
"တိုင်းပြည်ကရှုပ်ထွေးလာတော့မယ် ဟွားဟွား ...ဒါတွေအားလူံးကလဲ မင်းလေးကြောင့်ပဲဖြစ်လာမာသိရဲ့လား အခုချိန်ထိ ရှောင်ပိုင်နဲ့ပေါင်းြပီး ကလေးလိုလုပ်‌ေိနတာရပ်တော့ "
တိုင်းပြည်က ရှုပ်ထွေးလာမယ် အဲဒါဘာသဘောလဲ ပြီးတော့ ငါ့ကြောင့် .....ငါနဲ့ဘာဆိုင်လို့လဲ
"ရှစ်စွမ်း အဲဒါဘာသဘောလဲ ရှင်းပြပါဦး "
"ဒေါက်...အဲ့တာကြောင့် ငါ‌ေြပာတယ် ကလေးလိုလုပ်နေတာရပ်တော့လို့ ခုကြည့် ဘာမှနားမလည်ဘူးမလား "
"အားရိုးရိုး ရှစ်စွမ်းနားမှာမနေတော့ဘူး တချိန်လံုးပဲအနုိင်ကျင့်နေတယ် မခေါ်တော့ဘူး ဟွန်း "
ကူးချုံး ထွက်ပြေးသွားတဲ့တပည့်မကိုကြည့်ရင်း ခေါင်းယမ်းလိုက်မိတယ် ဟွားဟွား ဒီစကားတွေတနေ့နားလည်လာတဲ့အခါ အရာရာနောက်မကျနေဖို့ပဲ မျော်လင့်ရတော့မယ်
"ဆရာ အငယ်လေးကဒီလိုပုံစံနဲ့ အဆင်ပြေပါ့မလား ‌ဘာမှမသိတာနဲ့တော့ တကယ်တမ်းကြုံလာရင် ခံနိုင်ရည်မရှိမာစိုးမိတယ် "
တပည့်.1 ပြောတာကို ကူးချူံးဘာမှပြန်မပြောနိုင်ခဲ့ဘူး သူရဲ့တပည့်မပြေးသွားတဲ့နေရာကိုကြည့်ပြီးနောက်တခေါက်သက်ပြင်းချလိုက်ပြန်တယ်
"အရာရာနောက်မကျနေဖို့ပဲမျော်လင့်ရမယ် "
"ဆရာမြင်ထားတာကို တကယ်ပဲမကျော်လွားနိုင်တော့ဘူးလား "
"ဟွားဟွားရဲ့အတွင်းစိတ်ကနှုးညံ့တယ် ဒါကိုသွားပြီးအရောင်ဆိုးလို့မဖြစ်ဘူး သူဒေါသထွက်လာရင် အကုန်ငါးပါးတွေမှောက်ကုန်မယ် "
မော့ဟွားကတော့ အဲ့ဒါတွေဘယ်သိမလဲသူ့အကိုတေကြားထဲ ပန်းသီးတေစားရင်း ပျော်နေတော့တာ ဂိုဏ်းကိုပြန်မရောက်တာကြာတော့ လုပ်ချင်တာတွေမှအများကြီး ငယ်ငယ်ထဲကဒီလိုပဲဖြတ်သန်းလာတာလေ မော့ဟွားဘဝမှာအပူကင်းတယ် အချစ်ခံရတယ် ပြည့်စုံတယ် ဘာလိုသေးလဲ
သူမဘဝမှာယခုအချိန်တေဟာတခနလေးရမှာမှန်းသိရင်တော့ တန်ဖိုးထားခဲ့မာပေါ့
(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now