72.zgi

770 25 2
                                    

ကြုံခဲလှသည့်ဖူးစာ

72.လောကနတ်ဘုရား သစ်စိမ်းဧကရာဇ်

နတ်ဘုရားမိုးကြိုးများရပ်သွားပြီးတိမ်ကင်းစင်သွားတဲ့အခါ လီဝမ်တယောက်အကြီးအကျယ်စိတ်ဓာတ်ကျသွားတော့သည်

ဘာလဲကွာ ငါဒီလောက်နာကျင်မူ့တွေခံစားရပြီးတာတောင် ကျရှုံးသွားတယ်တဲ့လား မယုံနိုင်စရာပဲ

စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းလှည့်ကြည့်လိုက်တော့ မော့ဟွားရဲ့စိုးရိမ်နေတဲ့မျက်ဝန်းလှလှလေးများနှင့်သွားတိုး၏ ပြောစရာမ‌လိုတော့အောင် သူမရဲ့အတွင်းစိတ်ကိုသိရှိနေပြီမို့ သူခေါင်းခါပြလိုက်သည်

ဘာမှမဖြစ်ဘူး ဒီတခါမရလဲနောက်တခါပေါ့ ကိုယ်အသက်မသေသရွှေ့နတ်ဘုရားဖြစ်ခွင့်ရှိပါသေးတယ်

လီဝမ်ကမော့ဟွားကိုနှစ်သိမ့်‌လိုရင်းဖြစ်ပြီး မော့ဟွားကတော့စိတ်ပူလွန်းကာစင်မြင့်ထက်ပေါ်သို့တက်ဖို့ပျံသန်းလာသည် လီဝမ်ကရှိသမျှအင်အားကိုစုကာထရပ်နိုင်တော့မည့်အချိန် နတ်ဘုရားစင်မြင့်ကရုတ်တရက်တုန်ခါလာပြိး လီဝမ်ခေါင်းပေါ်တည့်တည့်သို့မိုးကြိုးပစ်ချလိုက်တော့သည်

"အားးးးးးးးးးးးး"

လီဝမ်တယောက်သူရဲ့အတွေးများချက်ချင်းဗလာကျင်းသွားပြီး သူရဲ့အသိများယိုစိမ့်ထွက်သွားခဲ့သည်
သူနောက်ဆုံးသိလိုက်ရတာက သူရဲ့အသွေးအသားများအားလုံးပျက်စီးသွားကြပြိး ဖောင်းတလုံးပေါက်ကွဲသွားတယ်လို့တောင်ထင်လိုက်မိသည်
နာကျင်မူ့ကခနလေးဆိုပေမဲ့လဲ တကယ်ကိုစာမဖွဲ့နိုင်လောက်သောနာကျင်မူ့မျိုးကိုခံစားလိုက်ရ၏

မော့ဟွားထိခိုက်သွားတာသူမြင်ပေမဲ့လဲ ဘာမှမတတ်နိုင်ပဲဒီအတိုင်းပဲကြည့်နေရသည် သူ့မျက်ဝန်းများမှေးမှိတ်လိုက်ပြီးနောက် မျက်ရည်တစက်ကစင်မြင့်ထက်သို့ကြွေကျလာခဲ့သည်

"ပေါက် "

ထို့နောက်‌တွင်တော့ သူ့အသိအားလုံးကိုလွှတ်ချလိုက်ပြီး အရာအားလုံးလင်းထိန်နေကာ လီဝမ်လဲ အစအနမကျန်အောင် ပျောက်ကွယ်သွားတော့သည်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniOnde histórias criam vida. Descubra agora