49.တပတ်ရိုက်ခြင်း

1K 76 2
                                    

49.တပတ်ရိုက်ခြင်း

လီဝမ်က သူတို့ပြောတာကိုနားထောင်နေရင်း အကြံပေါင်းစုံလဲထုတ်နေတာပေါ့ သူတို့ပြောပုံအရဆို ဖူချွမ်အသီးကိုသူတို့ခေါင်းဆောင်ကလိုချင်နေတယ်ပေါ့ မဖြစ်ဘူး ဖူချွမ်အသီးကိုသူရအောင်ပြန်ယူသွားနိုင်မှဖြစ်မယ် ဒါမှဟွားဟွားပြန်နိုးလာမှာ

လီဝမ်တွေးရင်းနဲ့အကြံဆိုးတခုကိုတွေးလိုက်မိပါတယ်

"ဟုတ်ပြီလေ ရော့ ဒီမှာ မင်းတို့လိုချင်တဲ့ဖူချွမ်အသီး "

လီဝမ်ကပစ်ပေးလိုက်တော့ နတ်မိစ္ဆာငါးကောင်ဝရုန်းသုန်းကားဖြစ်ပြီး သူပစ်လိုက်တဲ့ဟာကိုဖမ်းနေတုန်း သူလစ်ထွက်လာခဲ့ပါတယ်

လီဝမ်က မှော်ဝင်သွေးတောင်ပံကျားရဲ့ကျောကုန်းကိုပွတ်လိုက်ပြီး

"သူငယ်ချင်း အမြန်ဆုံးပျံပေးပါလားကွာ ငါနည်းနည်းအလျင်လိုနေလို့ပါ "
"ဝေါင်းးးးးး"

မှော်ဝင်သွေးတောင်ပံကျားက နားလည်စွာဟိန်း‌လိုက်ပြီး သွားနေတဲ့အရှိန်ကိုသုံးဆလောက်ပိုမြန်လိုက်ပါတယ် သူလဲအန္တရာယ်အငွေ့အသက်ကိုခံစားမိပုံပါပဲ

လီဝမ်က သူရဲ့လက်စွပ်လေးကိုတချက်ပွတ်လိုက်ပါတယ် တကယ်ဖူချွမ်အသီးအစစ်ကဒီသိုလှောင်လက်စွပ်ထဲမှာပါ သိုလှောင်လက်စွပ်ထဲကအနံ့ကအပြင်ကိုမထွက်စေပါဘူး ဒါကြောင့် သူ‌မက်မွန်သီးကိုပစ်ပေးတာနဲ့ဖူချွမ်အသီးကိုသိုလှောင်လက်စွပ်ထဲထည့်တာကိုတပြိုင်နက်ထဲလုပ်ဆောင်ခဲ့ပါတယ် ဒါကြောင့် ဖူချွမ်အသီးရဲ့အနံ့ပျောက်ကွယ်သွားတော့ သူပစ်ပေးလိုက်တဲ့အသီးကို။ဖူချွမ်အသီးလို့ပဲထင်နေမှာပါ ဖူချွမ်အသီးရဲ့အနံ့ကပတ်ဝန်းကျင်မှာဖုံးလွမ်းနေတာမို့လဲ အထူးတလည် ဉာဏ်ဆင်လိုက်လို့ရသွားတာပါ ဒါပေမဲ့ ဘယ်သူသိမလဲ သူတို့လုနေရင်းအတုမှန်းသိသွားရင် သူနောက်ကိုလိုက်မလာနိုင်ဘူးလား ဒါကြောင့် အချိန်ရသလောက်အချိန်အတွင်းမှာသူက လူဘုံနယ်နမိတ်ထဲအမြန်ဝင်ဖို့လုပ်လိုက်ပါတယ်

အဲ့ဒီအချိန်ထိကိုပဲ ဟိုကျန်ခဲ့တဲ့နတ်မိစ္ဆာငါးကောင်အတွက်ကတော့ လီဝမ်ပေးလိုက်တဲ့အသီးကိုလုလို့ကိုမပြီးကြသေးပါဘူး

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now