45.zgi

1.3K 49 0
                                    

ကြုံခဲလှသည့်ဖူးစာ

45.သူမရဲ့နောက်ကြောင်းရာဇဝင်

"ဟွားဟွားက နွီဝါးမယ်မယ်နဲ့စစ်နတ်ဘုရားတို့ရဲ့သမီးကြီးပဲ ကောင်းကင်နဲ့ငရဲပြည်စစ်ဖြစ်တော့ ကမ္ဘာမြေငါးခုကိုကာကွယ်ထားတဲ့အကာအကွယ်စည်းကကျိုးပေါက်သွားခဲ့တယ် ဒါကြောင့် ငရဲပြည်ကနတ်မိစ္ဆာတွေအခွင့်အရေးရပြီး ကောင်းကင်နိုင်ငံတော်တခုလုံးနီးပါးရှင်းလင်းခံခဲ့ရတယ် ဒါကြောင့်စစ်နတ်ဘုရားနဲ့နွီဝါးမယ်မယ်ကအသေခံကာကွယ်တိုက်ခိုက်ခဲ့ပြီး နတ်မိစ္ဆာတွေအရေးနိမ့်သွားတဲ့အချိန်မှာ နွီဝါးမယ်မယ်ရဲ့သမီးကြီးက သူ့ရဲ့အစွမ်းကိုအကုန်သုံးပြီးအကာအကွယ်စည်းကိုပြန်ဖာထေးပေးခဲ့တယ် အဲ့ဒီအကျိုးဆက်က သူမရဲ့ရုပ်ခန္ဒာဟာကြွေလွင့်ပျက်စီးသွားခဲ့ရပြီး ဝိဉာဉ်ခုနှစ်ပါးဟာလဲတစစီပြန့်ကျဲသွားခဲ့ရတာပဲ
ဒါကြောင့် ငါကသူမရဲ့ဝိဉာဉ်ကိုလိုက်စုစည်းပြီး မော့ဖူးရန်ကိုကိုယ်ဝန်ဆောင်စေခဲ့တယ် သေမျိုးဆိုပေမဲ့ ဟွားဟွားမှာသွေးကိုးစက်ရှိတယ် သူမသတိမထားဘဲဂူရဲ့အကာအကွယ်စည်းကိုချိုးဖျက်ဖို့သွေးတစက်သုံးခဲ့ပြီးတော့ နောက်နှစ်စက်ကိုလဲသေလုမြောပါးဖြစ်နေတဲ့မင်းနဲ့ပိုင်ယီကိုပေးခဲ့တာကြောင့် သူမရဲ့ဝိဉာဉ်တွေကမတည်မငြိမ်ဖြစ်နေပြီ ပြောရမယ်ဆို သူမရဲ့ကိုယ်ကအချိန်မရွှေးပျက်စီးသွားနိုင်တယ်"

ကူချုံးကလီဝမ်ကိုတချက်ကြည့်ကာ စကားကိုဆက်ပြောလိုက်၏

"ဒါကြောင့်မင်းက သူမရဲ့ကိုယ်ကိုတည်ငြိမ်အောင်လုပ်နိုင်ဖို့ဆေးသွားယူပေးရမယ် အဲ့တာက ကောင်းကင်နိုင်ငံမှာပေါက်ရောက်တဲ့ဖူချွမ်အသီးပဲ နှစ်တရာမှတခါသီးတယ် ကောင်းကင်နိုင်ငံတခုလုံးမှာတောင်အနဲငယ်ပဲရှိတယ် ဒါပေမဲ့ အကြောင်းစုံပြောပြလိုက်ရင် မင်းကိုလီကသေ‌ချာပေါက်ပေးလိမ့်မယ် သူတို့ကဟွားဟွားကိုအရမ်းလေးစားပြိးအလေးထားကြတယ် ငါကဒိကနေခွာလို့မရဘူး အကာအကွယ်စည်းကငါ့ရဲ့အသက်ဓာတ်နဲ့လုပ်ထားတာမို့ငါမရှိတာနဲ့ဒီနေရာကကျုးကျော်ခံရမှာ ငါ့တပည့်တွေအားလုံးကကမ္ဘာမြေအကာအကွယ်စည်းကိုသွားစောင့်ကြရမယ် ဒါကြောင့်ဒီကိစ္စမှာမင်းလောက်သင့်တော်တာဘယ်သူမှမရှိဘူး ပြီးတော့ဒီခရီးကအန္တရာယ်အရမ်းများလိမ့်မယ် နတ်မိစ္ဆာတွေနဲ့ရင်ဆိုင်‌တွေ့ရနိုင်တယ် နတ်မိစ္ဆာတွေကအခွင့်ကောင်းကိုချောင်းနေတာမို့ဟွားဟွားအကြောင်းကိုဘယ်သူ့ကိုမှပြောပြလို့မရတဲ့အပြင် တယောက်ထဲပဲသွားရမှာ မင်းကိုစောင့်ရှောက်ဖို့ထည့်ပေးလိုက်မှာဆိုပေမဲ့သူတို့ကလဲပုန်းနေကြမှာပဲ တကယ့်အရေးကြုံမှထွက်လာကြမှာ ဘယ်လိုလဲမင်းလုပ်ရဲလား"
"ကျွန်တော်ရဲ့အသက်သေဆုံးသွားမယ်ဆိုရင်တောင်ဖူချွမ်အသီးကို‌တော့ရအောင်ယူဆောင်လာပါမယ်"
"ကောင်းပြီ မင်းဆောင်ရွက်နိုင်မယ်ဆိုရင် ငါဟွားဟွားနဲ့သဘောတူဖို့စဉ်းစားပေးမယ် "

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now